International News


Written by For Ialinks




Rain (For Ialinks)

Unicode

လူသားတွေလို မတ်တတ်ရပ်ပြီး ခြေထောက်နှစ်ချောင်းလေးနဲ့ သွားလာနိုင်သည့် ချစ်စဖွယ် ခွေးလေး

ဗီယက်နမ်နိုင်ငံရှိ ခွေးလေးတစ်ကောင်သည် လမ်းဘေးတွင် အစာဝအောင်မစားရပဲ ပိန်လှီနေကာ နေမကောင်းဖြစ်ပြီး သွားလာမရဖြစ်နေတာကို မိသားစုတစ်စုမှ မြင်တွေ့ပြီး အိမ်သို့ခေါ်ပြန်သွားခဲ့ကြသည်။

ထို့နောက် ခွေးလေးကို အစာရေစာကောင်းကောင်းကျွေးပြီး ဆေးလည်းကုသပေးခဲ့သည့်အတွက် တစ်ပတ်အတွင်း ပြန်လည်ကောင်းမွန်လာရာ ခွေးလေးသည် ဥာဏ်ရည်ထက်မြက်ပြီး သခင်ဖြစ်သူရဲ့စကားကိုလည်း နာခံမှုရှိကာ ခြေထောက်နှစ်ချောင်းလေးနဲ့ လူသားတွေလို လမ်းလျှောက်နည်းကို သင်ပေးခဲ့သည်။

ထို့အတူ သခင်ဖြစ်သူသည် ခွေးလေးအား သူတို့ရဲ့မိသားစုဝင်အဖြစ် သတ်မှတ်ထားကာ အဝတ်အစားဖက်ရှင်ပုံစံအမျိုးမျိုးကိုလည်း ချုပ်ပေးပြီး နေ့စဥ်လဲဝတ်ပေးသည့်အတွက် အပြင်ထွက်ချိန်တိုင်း ဖြတ်သွားဖြတ်လာသူများရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး စတိုင်အကျဆုံးခွေးလေးဟု ပြောဆိုခဲ့ကြသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment