International News

မ်က္မျမင္မိဘႏွစ္ပါးအတြက္ အေကာင္းဆုံးမ်က္လုံးတစ္စုံအျဖစ္ လမ္းျပၾကယ္လိုမ်ိဳး ရွိေနေပးခဲ့ေသာ အသက္၆ႏွစ္အ႐ြယ္ ကေလးမေလး

Written by For Ialinks

တ႐ုတ္ႏိုင္ငံမွ Xiao Jieအမည္ရွိေသာ အသက္၆ႏွစ္အ႐ြယ္ ကေလးမေလးသည္ မိသားစု ၄ေယာက္ရွိၿပီး မိဘႏွစ္ပါးလုံးက မ်က္မျမင္ေတြျဖစ္ၾကကာ သူမသည္တစ္မိသားစုလုံးရဲ႕ မရွိမျဖစ္ အားကိုးအားထားရာ ျဖစ္လာခဲ့သည္။

အသက္၄၃ႏွစ္အ႐ြယ္ ဖခင္ျဖစ္သူသည္ ငယ္စဥ္ကအဖ်ားႀကီးလြန္းၿပီး မ်က္လုံးႏွစ္ဖက္လုံး ေပ်ာက္ကြယ္သြားခဲ့ရာ မိဘရင္းေတြရဲ႕စြန႔္ပစ္ျခင္းကို ခံရၿပီး မိဘမဲ့ေဂဟာ၌ ႀကီးျပင္းလာခဲ့ရကာ မိဘမဲ့ေဂဟာရွိ ဘဝတူမ်က္မျမင္အမ်ိဳးသမီးနဲ႔ ဆုံခဲ့ၿပီး ေလာကဓံတရားကို ရဲရဲႀကီးရင္ဆိုင္ဖို႔ သတၱိအျပည့္နဲ႔ တစ္အိုးတစ္အိမ္ေထာင္ထူခဲ့ၾကသည္။

ဖခင္ျဖစ္သူသည္ ပရဟိတအဖြဲ႕ရဲ႕ ေက်းဇူးေၾကာင့္ စားဝတ္ေနေရးအတြက္ မ်က္မျမင္ အႏွိပ္ခန္းေလးဖြင့္ထားႏိုင္ခဲ့ၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳခဲ့ရာ သမီးေလး ၆ႏွစ္အ႐ြယ္ေရာက္ေတာ့ ေန႔စဥ္ျဖတ္သန္းမႈမွာ အရက္ကေလာက္မခက္ခဲေတာ့ပဲ သမီးေလးကိုသာ အားကိုးခဲ့ၾကသည္။

ကေလးမေလးသည္လည္း သူမရဲ႕မိသားစုအေျခအေနကို နားလည္ကာ အ႐ြယ္ႏွင့္မလိုက္ေအာင္ အိမ္မႈကိစၥကို ကြၽမ္းက်င္စြာတတ္ေျမာက္ထားၿပီး ခ်က္ျပဳတ္ျခင္း၊ ေဈးဝယ္ထြက္ျခင္းႏွင့္ ေမာင္ေလးျဖစ္သူကို အႏွီးလွဲထိန္းၾကည့္ေပးျခင္းျဖင့္ လိမၼာေသာသမီးေလးဆိုၿပီး အိမ္နီးခ်င္းေတြရဲ႕ ခ်ီးမြမ္းျခင္းမ်ားစြာကို ခံေနရသည္။

Rain (For Ialinks)

Unicode

မျက်မမြင်မိဘနှစ်ပါးအတွက် အကောင်းဆုံးမျက်လုံးတစ်စုံအဖြစ် လမ်းပြကြယ်လိုမျိုး ရှိနေပေးခဲ့သော အသက်၆နှစ်အရွယ် ကလေးမလေး

တရုတ်နိုင်ငံမှ Xiao Jieအမည်ရှိသော အသက်၆နှစ်အရွယ် ကလေးမလေးသည် မိသားစု ၄ယောက်ရှိပြီး မိဘနှစ်ပါးလုံးက မျက်မမြင်တွေဖြစ်ကြကာ သူမသည်တစ်မိသားစုလုံးရဲ့ မရှိမဖြစ် အားကိုးအားထားရာ ဖြစ်လာခဲ့သည်။

အသက်၄၃နှစ်အရွယ် ဖခင်ဖြစ်သူသည် ငယ်စဉ်ကအဖျားကြီးလွန်းပြီး မျက်လုံးနှစ်ဖက်လုံး ပျောက်ကွယ်သွားခဲ့ရာ မိဘရင်းတွေရဲ့စွန့်ပစ်ခြင်းကို ခံရပြီး မိဘမဲ့ဂေဟာ၌ ကြီးပြင်းလာခဲ့ရကာ မိဘမဲ့ဂေဟာရှိ ဘဝတူမျက်မမြင်အမျိုးသမီးနဲ့ ဆုံခဲ့ပြီး လောကဓံတရားကို ရဲရဲကြီးရင်ဆိုင်ဖို့ သတ္တိအပြည့်နဲ့ တစ်အိုးတစ်အိမ်ထောင်ထူခဲ့ကြသည်။

ဖခင်ဖြစ်သူသည် ပရဟိတအဖွဲ့ရဲ့ ကျေးဇူးကြောင့် စားဝတ်နေရေးအတွက် မျက်မမြင် အနှိပ်ခန်းလေးဖွင့်ထားနိုင်ခဲ့ပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့ရာ သမီးလေး ၆နှစ်အရွယ်ရောက်တော့ နေ့စဉ်ဖြတ်သန်းမှုမှာ အရက်ကလောက်မခက်ခဲတော့ပဲ သမီးလေးကိုသာ အားကိုးခဲ့ကြသည်။

ကလေးမလေးသည်လည်း သူမရဲ့မိသားစုအခြေအနေကို နားလည်ကာ အရွယ်နှင့်မလိုက်အောင် အိမ်မှုကိစ္စကို ကျွမ်းကျင်စွာတတ်မြောက်ထားပြီး ချက်ပြုတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်းနှင့် မောင်လေးဖြစ်သူကို အနှီးလှဲထိန်းကြည့်ပေးခြင်းဖြင့် လိမ္မာသောသမီးလေးဆိုပြီး အိမ်နီးချင်းတွေရဲ့ ချီးမွမ်းခြင်းများစွာကို ခံနေရသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment