LOVE & RELATIONSHIP

အဝလြန္ေနေသာ ဇနီးျဖစ္သူမွ ၂ႏွစ္အတြင္း ဝိတ္ခ်ႏိုင္ခဲ့၍ ေပးထားသည့္ဂတိအတိုင္း စိန္လက္စြပ္တစ္ကြင္းဝယ္ေပးခဲ့ရေသာ ခင္ပြန္းသည္

Written by For Ialinks

မိန္းကေလးေတာ္ေတာ္မ်ားမ်ားသည္ အိမ္ေထာင္က်ၿပီးသည္ႏွင့္ အလွအပေရးရာဖက္ကို ဦးစားမေပးလိုေတာ့ပဲ အိမ္ေထာင္ရွင္မတစ္ေယာက္ရဲ႕ တာဝန္ကို ေက်ပြန္စြာ ထမ္းေဆာင္ရတာမ်ိဳး သို႔မဟုတ္ စားဝတ္ေနေရးအတြက္ ကိုယ္တိုင္အျပင္အလုပ္ထြက္လုပ္ကာ ဝင္ေငြရွာရသည့္အတြက္ ခႏၶာကိုယ္အား ဝဝ ပိန္ပိန္ သိပ္ၿပီးဂ႐ုမစိုက္ၾကေတာ့ေပ။

သို႔ျဖစ္၍ ထိုင္ဝမ္ႏိုင္ငံမွ ဇနီးသည္တစ္ဦးသည္လည္း အိမ္ေထာင္က်ၿပီး၍ သမီးေလးတစ္ေယာက္ရွိရာ အိမ္ကိစၥေတြႏွင့္အလုပ္ရႈပ္ေနတတ္ၿပီး အရင္လိုမ်ိဳး သိပ္ၿပီးျပင္ျပင္ဆင္ဆင္မေနေတာ့သည့္အျပင္ ခႏၶာကိုယ္မွာအေလးခ်ိန္တိုးကာ အဝလြန္ျဖစ္ေနခဲ့သည္။

ထို႔ေၾကာင့္ ခင္ပြန္းျဖစ္သူသည္ သူ႔ရဲ႕ေမြးေန႔တြင္ ဇနီးျဖစ္သူမွ ဘာလိုခ်င္လဲဟုေမးျမန္းခဲ့ရာ ဇနီးသည္အား ဝိတ္ခ်ေစခ်င္ၿပီး ၂ႏွစ္အတြင္း အေလးခ်ိန္ ၁၃၀ကီလိုဂရမ္ကေန ၇၅ကီလိုဂရမ္ထိ ေလွ်ာ့ခ်ႏိုင္ပါက စိန္လက္စြပ္တစ္ကြင္းဝယ္ေပးမည္ဆိုၿပီး ဂတိစကားဆိုခဲ့သည္။

ဇနီးျဖစ္သူလည္း စိန္လက္စြပ္အား လိုခ်င္တာကတစ္ေၾကာင္း ခင္ပြန္းျဖစ္သူရဲ႕ ဆႏၵကိုျဖည့္ဆည္းေပးခ်င္တာလည္းပါ၍ ၂ႏွစ္အတြင္း ႀကိဳးစားၿပီး ဝိတ္ခ်ခဲ့ရာ အေလးခ်ိန္ ၅၅ကီလိုဂရမ္ထိကို က်ဆင္းသြားခဲ့သည္။

Rain (For Ialinks)

Unicode

အဝလွန်နေသော ဇနီးဖြစ်သူမှ ၂နှစ်အတွင်း ဝိတ်ချနိုင်ခဲ့၍ ပေးထားသည့်ဂတိအတိုင်း စိန်လက်စွပ်တစ်ကွင်းဝယ်ပေးခဲ့ရသော ခင်ပွန်းသည်

မိန်းကလေးတော်တော်များများသည် အိမ်ထောင်ကျပြီးသည်နှင့် အလှအပရေးရာဖက်ကို ဦးစားမပေးလိုတော့ပဲ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရတာမျိုး သို့မဟုတ် စားဝတ်နေရေးအတွက် ကိုယ်တိုင်အပြင်အလုပ်ထွက်လုပ်ကာ ဝင်ငွေရှာရသည့်အတွက် ခန္ဓာကိုယ်အား ဝဝ ပိန်ပိန် သိပ်ပြီးဂရုမစိုက်ကြတော့ပေ။

သို့ဖြစ်၍ ထိုင်ဝမ်နိုင်ငံမှ ဇနီးသည်တစ်ဦးသည်လည်း အိမ်ထောင်ကျပြီး၍ သမီးလေးတစ်ယောက်ရှိရာ အိမ်ကိစ္စတွေနှင့်အလုပ်ရှုပ်နေတတ်ပြီး အရင်လိုမျိုး သိပ်ပြီးပြင်ပြင်ဆင်ဆင်မနေတော့သည့်အပြင် ခန္ဓာကိုယ်မှာအလေးချိန်တိုးကာ အဝလွန်ဖြစ်နေခဲ့သည်။

ထို့ကြောင့် ခင်ပွန်းဖြစ်သူသည် သူ့ရဲ့မွေးနေ့တွင် ဇနီးဖြစ်သူမှ ဘာလိုချင်လဲဟုမေးမြန်းခဲ့ရာ ဇနီးသည်အား ဝိတ်ချစေချင်ပြီး ၂နှစ်အတွင်း အလေးချိန် ၁၃၀ကီလိုဂရမ်ကနေ ၇၅ကီလိုဂရမ်ထိ လျှော့ချနိုင်ပါက စိန်လက်စွပ်တစ်ကွင်းဝယ်ပေးမည်ဆိုပြီး ဂတိစကားဆိုခဲ့သည်။

ဇနီးဖြစ်သူလည်း စိန်လက်စွပ်အား လိုချင်တာကတစ်ကြောင်း ခင်ပွန်းဖြစ်သူရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးချင်တာလည်းပါ၍ ၂နှစ်အတွင်း ကြိုးစားပြီး ဝိတ်ချခဲ့ရာ အလေးချိန် ၅၅ကီလိုဂရမ်ထိကို ကျဆင်းသွားခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment