International News

မိခင္ျဖစ္သူအခ်ိန္ပို အလုပ္ဆင္းရသည့္ေန႔မ်ားတြင္ ဗိုက္ဆာေနမည္စိုး၍ ထမင္းထုပ္ေလးကို လုပ္ငန္းခြင္ထိ သြားပို႔ေပးခဲ့ေသာ သမီးလိမၼာေလး

Written by For Ialinks

မိဘတိုင္းက အလုပ္ပင္ပင္ပန္းပန္းလုပ္ရၿပီး စားဝတ္ေနေရးအတြက္ ဝင္ေငြရွာရစဥ္ အလိုက္သိေသာ သားသမီးေလးေတြရွိပါက အင္မတန္မွ အေမာေျပသက္သာရသည္။

သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံ ဟိုခ်ီမင္းၿမိဳ႕တြင္ ေနထိုင္ေသာ အမ်ိဳးသမီးတစ္ဦးသည္ စားဝတ္ေနေရးအတြက္ အနီးနားရွိ ကုမၸဏီတစ္ခုတြင္ သန္႔ရွင္းေရးဝန္ထမ္းအျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ့ရာ ေန႔တိုင္းလိုလို သမီးေလးမွ လာႀကိဳခဲ့သည့္အတြက္ ပင္ပန္းမႈေတြ ေျဖေဖ်ာက္ႏိုင္ခဲ့သည္။

ကေလးမေလးသည္ အသက္၃ႏွစ္အ႐ြယ္သာရွိေသးေသာ္လည္း မိခင္ျဖစ္သူမွ အလုပ္အခ်ိန္ပိုဆင္းသည့္ေန႔မ်ားတြင္ ဗိုက္ဆာေနမည္စိုးကာ လုပ္ငန္းခြင္ကုမၸဏီေရွ႕ထိ ထမင္းထုပ္ေလး လိုက္ပို႔ေပးေလ့ရွိသည္။

ထိုအျဖစ္အပ်က္ေလးသည္ လူမႈကြန္ယက္တြင္ မွ်ေဝခံရၿပီးေနာက္ ျမင္ေတြ႕သူမ်ားမွ သမီးေလးရဲ႕ လိမၼာသိတတ္မႈေလးကို သေဘာက်ခဲ့ၿပီး ခ်ီးမြမ္းခဲ့ၾကသည္။

Hlaing (Love Feeling )

Unicode

မိခင်ဖြစ်သူအချိန်ပို အလုပ်ဆင်းရသည့်နေ့များတွင် ဗိုက်ဆာနေမည်စိုး၍ ထမင်းထုပ်လေးကို လုပ်ငန်းခွင်ထိ သွားပို့ပေးခဲ့သော သမီးလိမ္မာလေး

မိဘတိုင်းက အလုပ်ပင်ပင်ပန်းပန်းလုပ်ရပြီး စားဝတ်နေရေးအတွက် ဝင်ငွေရှာရစဥ် အလိုက်သိသော သားသမီးလေးတွေရှိပါက အင်မတန်မှ အမောပြေသက်သာရသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် စားဝတ်နေရေးအတွက် အနီးနားရှိ ကုမ္ပဏီတစ်ခုတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရာ နေ့တိုင်းလိုလို သမီးလေးမှ လာကြိုခဲ့သည့်အတွက် ပင်ပန်းမှုတွေ ဖြေဖျောက်နိုင်ခဲ့သည်။

ကလေးမလေးသည် အသက်၃နှစ်အရွယ်သာရှိသေးသော်လည်း မိခင်ဖြစ်သူမှ အလုပ်အချိန်ပိုဆင်းသည့်နေ့များတွင် ဗိုက်ဆာနေမည်စိုးကာ လုပ်ငန်းခွင်ကုမ္ပဏီရှေ့ထိ ထမင်းထုပ်လေး လိုက်ပို့ပေးလေ့ရှိသည်။

ထိုအဖြစ်အပျက်လေးသည် လူမှုကွန်ယက်တွင် မျှဝေခံရပြီးနောက် မြင်တွေ့သူများမှ သမီးလေးရဲ့ လိမ္မာသိတတ်မှုလေးကို သဘောကျခဲ့ပြီး ချီးမွမ်းခဲ့ကြသည်။

Hlaing (Love Feeling )

About the author

For Ialinks

Leave a Comment