International News


Written by For Ialinks




Rain (For Ialinks)

Unicode

အရောင်းမြှင့်တင်ရန်အတွက် အပေါ်ဝတ်ချွတ်ပြီး ခန္ဓာကိုယ်ကြွက်သားအလှနှင့် ချောမောသော စားပွဲထိုးဝန်ထမ်းများကို ခန့်အပ်ထားသည့် ဟော့ပေါ့ဆိုင်

စင်္ကာပူနိုင်ငံ Bugisရှိ Liang Seahလမ်းတွင် ဖွင့်လှစ်ထားသော ဟော့ပေါ့ဆိုင်သည် ချောမောခန့်ညားသော အမျိုးသားများကို စားပွဲထိုးဝန်ထမ်းအဖြစ် ခန့်အပ်ထားပြီး စားသုံးသူဖောက်သည်များအား ဝန်ဆောင်မှုပေးနေခြင်းဖြင့် လူမှုကွန်ယက်ထိပါ နာမည်ကြီးလာခဲ့သည်။

စားပွဲထိုးဝန်ထမ်းလေးတွေမှာ အားကစားရုံတွင် ပုံမှန်လေ့ကျင့်လေ့ရှိသော အမျိုးသားများဖြစ်ပြီး သူတို့ ခန္ဓာကိုယ်ရဲ့ ကြွက်သားအလှတွေပေါ်အောင် အပေါ်ဝတ်ကို ချွတ်ထားကာ မိန်းကလေးတော်တော်များများကို ဆွဲဆောင်နိုင်ခဲ့ပြီး စားသောက်ဆိုင်မှာ စဖွင့်ချင်းမှာပဲ စားသုံးသူများစည်ကားလျက်ရှိကာ ဆိုင်ရှေ့ကနေလည်း ဖြတ်သွားဖြတ်လာသူများမှ ဓာတ်ပုံခိုးရိုက်သွားတာမျိုးလည်း ရှိသည်။

သို့သော်လည်း မနာလိုသည့်သူများဧ။် သတင်းမှားပေးမှုတစ်ခုကြောင့် ထိုစားသောက်ဆိုင်တွင် အဝတ်ဗလာနဲ့ ရောင်းချနေသည်ဆိုပြီး ရဲတပ်ဖွဲ့မှ အကြောင်းစာရရှိကာ ဆိုင်သို့လာရောက်စစ်ဆေးခြင်းခံရတာမျိုးလည်း ရှိခဲ့ကြောင်း သိရသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment