LOVE & RELATIONSHIP


Written by For Ialinks




Rain (For Ialinks)

Unicode

မွေးရာပါမျက်နှာမှာ အမာရွတ်များရှိပြီး ရုပ်ဆိုးနေသော မိန်းကလေးအား မေတ္တာစစ် မေတ္တာမှန်နှင့် ချစ်ပေးကာ တကယ်လက်ထပ်ယူခဲ့သည့် အမျိုးသား

ဗီယက်နမ်နိုင်ငံမှ အသက်၃၁နှစ်အရွယ် အမျိုးသားတစ်ဦးသည် လိုင်းပေါ်ကနေ မျက်နှာတစ်ခုလုံး အမာရွတ်များစွာရှိနေသည့် မိန်းကလေးကို မြင်မြင်ချင်းမှာပဲ သနားဂရုဏာသက်မိကာ သူငယ်ချင်းအဖြစ် အကောင့်မှာသွားအပ်ခဲ့ပြီး တစ်လလောက်အကြာတွင် ထိုမိန်းကလေးအား သတ္တိရှိရှိ ချစ်ရေးဆိုခဲ့သည်။

အစပိုင်းတွင် မိန်းကလေးသည် သူမရဲ့ရုပ်ရည်ကြောင့် လှည့်စားခံရမည်ကို စိုးရိမ်ခဲ့သော်လည်း တစ်နှစ်အကြာလက်တွဲခဲ့ပြီးနောက်မှာတော့ အမျိုးသားဆီကနေ စစ်မှန်သောချစ်ခြင်းမေတ္တာသည် ပြောင်းလဲသွားခြင်းမရှိတာကြောင့် စိတ်ချမ်းသာပျော်ရွှင်ခဲ့ရသည်။

ထို့အပြင် မိန်းကလေးသည် အမျိုးသားရဲ့လက်ထပ်ခွင့်တောင်းခြင်းကို ခံရချိန်တွင် အပျော်ရွှင်ဆုံးလူသားတစ်ယောက်ဖြစ်ခဲ့ရပြီး မိန်းကလေးရဲ့ မိခင်ဖြစ်သူကိုယ်တိုင်ကလည်း တစ်ချိန်လုံးသမီးလေးရဲ့ မလှမပဖြစ်နေသော မျက်နှာကြောင့် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့လှောင်ပြောင်ခြင်းတွေကို ကြုံတွေ့ခဲ့ရသော သမီးလေးအား တကယ်တန်ဖိုးထားပြီး လက်ထပ်ယူမည့်အမျိုးသားပေါ်လာသည့်အတွက် ဝမ်းသာလွန်း၍ မျက်ရည်များပါ ကျခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment