LOVE & RELATIONSHIP


Written by For Ialinks




ထိုဇနီးမောင်နှံသည် သေခြင်းတရားက သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကို မခွဲနိုင်ပူးဆိုသည့် ရည်ရွယ်ချက်ဖြင့် မင်္ဂလာစုံတွဲဓာတ်ပုံကို သင်္ချိုင်းမှာ အဖွဲ့သား၎ဦးနှင့် မနက်၂နာရီရိုက်ကူးခဲ့ကြောင်း သိရသည်။

Rain (For Ialinks)

Unicode

မင်္ဂလာစုံတွဲဓာတ်ပုံအား ညအမှောင်ထဲ၌ ထိတ်လန့်ဖွယ် သင်္ချိုင်းတစ်ခုမှာ ရိုက်ခဲ့ကြသော ဇနီးမောင်နှံ

လူတိုင်းအတွက် မင်္ဂလာဆောင်ဓာတ်ပုံများသည် အရေးကြီးပြီး လှပသောရှုခင်းတွေမှာ ပုံထွက်ကောင်းကောင်းလေးရအောင် ရိုက်တတ်ကြသည်။

သို့သော်လည်း ထိုင်းနိုင်ငံမှ အသက်၃၂နှစ်အရွယ် အမျိုးသားတစ်ဦးသည် သူ့ရဲ့ မင်္ဂလာစုံတွဲဓာတ်ပုံကို သာယာလှပသော ရှုခင်းတွေမှာရိုက်မည့်အစား သင်္ချိုင်းတစ်မှာ သွားရောက်ပြီး မကြောက်မလန့် ရိုက်ခဲ့သည်။

ဇနီးမောင်နှံနှစ်ဦးသည် လှပသော အဖြူရောင်မင်္ဂလာသတို့သားနှင့် သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားပြီး သင်္ချိုင်းရှိ ခေါင်းတလား၊မီးသဂြိုဟ်သည့်နေရာတို့တွင် တကယ့်လူ သေ အတိုင်း ပိုစ့်အမျိုးမျိုးပေးပြီး ရိုက်ခဲ့ကြရာ မြင်ရသူများအဖို့ အလွန်ကြက်သီးထဖွယ်ကောင်းလှသည်။

ထိုဇနီးမောင်နှံသည် သေခြင်းတရားက သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကို မခွဲနိုင်ပူးဆိုသည့် ရည်ရွယ်ချက်ဖြင့် မင်္ဂလာစုံတွဲဓာတ်ပုံကို သင်္ချိုင်းမှာ အဖွဲ့သား၄ဦးနှင့် မနက်၂နာရီရိုက်ကူးခဲ့ကြောင်း သိရသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment