LOVE & RELATIONSHIP


Written by For Ialinks






Rain (For Ialinks)

Unicode

ကွယ်လွန်သွားပြီဖြစ်သော ခင်ပွန်းဖြစ်သူကို မမေ့နိုင်ပဲရှိရာ အသံလေးကြားရဖို့အတွက် နေ့စဥ်ရထားဘူတာရုံမှာ သွားထိုင်နေခဲ့သည့် အဖွားအို

သေခြင်းတရားကို မည်သူကမှ ရှောင်လွှဲလို့မရနိုင်သလို လူတိုင်းက သူတို့ချစ်တဲ့သူနဲ့ ဘယ်သောအခါမှ မခွဲခွာလိုကြပဲ တစ်စုံတစ်ခုကြောင့် ဝေးကွာသွားရရင်တောင် မမေ့နိုင်ပဲ သတိရလွမ်းဆွတ်မိတတ်ကြသည်။

သို့ဖြစ်၍ လန်ဒန်နိုင်ငံမှ အသက်၇၀ကျော်အရွယ် အဖွားအိုတစ်ဦးသည် ရထားဘူတာရုံရှိ ခုံတန်းလျားလေးမှာ နေ့စဥ်တစ်ယောက်တည်း တိတ်ဆိတ်စွာ လာလာထိုင်နေခြင်းဖြင့် အများဧ။်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

အမှန်တကယ်တော့ အဖွားအိုသည် အိမ်ထောင်သက်တမ်းကြာရှည်စွာ ပေါင်းလာခဲ့သည့် အလွန်ချစ်ရသော ခင်ပွန်းသည်မှာ ရောဂါတစ်ခုကြောင့် သူမထက်အရင် ဆုံးပါးသွားခဲ့ရာ အဖွားအိုမှ ယနေ့ထိတိုင် သတိရလွမ်းဆွတ်ကာ မမေ့နိုင်ဖြစ်နေခဲ့သည်။

ခင်ပွန်းဖြစ်သူသည် တစ်ချိန်က ရထားဘူတာရုံတွင် အသံသွင်းထားပြီး ခရီးသည်များကို စည်းကမ်းလိုက်နာရန် ကြော်ညာသူအဖြစ် အလုပ်လုပ်ခဲ့၍ အဖွားအိုမှ ခင်ပွန်းသည်ရဲ့ အသံလေးကို နားထောင်ရခြင်းဖြင့် စိတ်သက်သာရာရကာ နေ့စဥ် ရထားဘူတာရုံရှိ ခုံတန်းလျားလေးမှာ သွားထိုင်နေခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။

အဖွားအိုရဲ့ ခင်ပွန်းဖြစ်သူအပေါ် ထားသော ချစ်ခြင်းမေတ္တာကို သိရှိသည့် ရထားဘူတာရုံမှ တာဝန်ရှိသူကလည်း ဝန်ထမ်းဖြစ်ခဲ့ဖူးသော ခင်ပွန်းသည်ရဲ့အသံဖိုင်လေးကို ဖျတ်မပစ်ပဲ ချန်ထားပေးခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment