Rain (For Ialinks)
Unicode
လက်မထပ်ရသေးပေမယ့် ချစ်သူကောင်လေးရဲ့အလိုကို လိုက်ကာ ၈နှစ်အကြာအတူနေခဲ့ပြီး ကိုယ်ဝန် ၆ကြိမ်ဖျတ်ချခဲ့သည့် မိန်းကလေးရဲ့အဖြစ်
တရုတ်နိုင်ငံ Hunanပြည်နယ်တွင် နေထိုင်သော အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် အထက်တန်းကျောင်းအောင်ပြီးတာနဲ့ မူလတန်းကျောင်း ဆရာမလေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
ထိုစဥ် ဆရာမလေးသည် ရုပ်ကလေးကလှ ပညာအရည်အချင်းကလည်း ထူးချွန်ကာဆရာမလေးတစ်ယောက်ဖြစ်သည့်အတွက် ချစ်ရေးဆိုသော ကောင်လေးအများစုထဲမှ ပညာမတတ် ငွေကြေးကလည်း မချမ်းသာသည့်ကောင်လေးကိုသာ ချစ်မိပြီး ရွေးချယ်ခဲ့သည်။
ဆရာမလေးသည် ထိုကောင်လေးကို အရမ်းချစ်တာကြောင့် လက်မထပ်ရသေးပေမယ့် စိတ်အလိုလိုက်ကာ ကောင်လေးနဲ့အတူနေခဲ့ပြီး ၈နှစ်အတွင်း ကိုယ်ဝန်၆ကြိမ်တိတိ ဖျတ်ချခဲ့ရသည်။
ဆရာမလေးသည် ၆ကြိမ်မြောက်ကိုယ်ဝန်ဖျတ်ချချိန်တွင် သေလုမြောပါးအခြေအနေနှင့် ရောက်ခဲ့ရသည့်အတွက် အရမ်းကြောက်လန့်သွားခဲ့ပေမယ့် ကောင်လေးရဲ့ ဂရုတစိုက် နွေးထွေးကြင်နာမှုတို့ကြောင့် စိတ်မနာနိုင်ပဲ အတူနေခဲ့ရာ ထပ်မံပြီးတော့ ကိုယ်ဝန်ရစေခဲ့သည်။
ထိုအချိန်မှာတော့ ဆရာမလေးသည် ကိုယ်ဝန်ကိုမဖျတ်ချတော့ပဲ ကောင်လေးအား လက်ထပ်ရန်တောင်းဆိုခဲ့ပေမယ့် တာဝန်မယူချင်ပူးဆိုပြီး ငြင်းဆန်ခဲ့သည့်အတွက်ကြောင့် စကားများရန်ဖြစ်ခဲ့ကြရာ နောက်ဆုံးတွင် ကောင်လေးသည် အခြားသော မိန်းကလေးတစ်ယောက်နှင့် ရက်ပိုင်းအတွင်းမှာပဲ လျင်မြန်စွာ လက်ထပ်သွားခဲ့သည့်အတွက် ဆရာမလေးခမျာ နောင်တအကြီးကြီးရမိပြီး ကျန်ရစ်ခဲ့ရသည်။
Rain (For Ialinks)