International News


Written by For Ialinks

ထိုင်းနိုင်ငံမှ အသက်၄၀ကျော်အရွယ် မိခင်တစ်ဦးသည် ခင်ပွန်းဖြစ်သူဆုံးပါးပြီးနောက် စားဝတ်နေရေးအတွက် ထိခိုက်ခဲ့ရာ လမ်းမပေါ်ထွက်ပြီး ရေသန့်ဘူးခွံ ပုလင်းခွံတို့ကို လိုက်ကောက်ကာ ရသည့်ဈေးနဲ့ ပြန်လည်ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိသည်။



Rain (For Ialinks)

Unicode

နေ့စဥ်အမှိုက်ကောက်ပြီး ပြန်လည်ရောင်းချကာ ဘတ်၅၀သာဝင်ငွေရှိပေမယ့် သားဖြစ်သူကို ကျောင်းထားပေးခဲ့သော မိခင်

ထိုင်းနိုင်ငံမှ အသက်၄၀ကျော်အရွယ် မိခင်တစ်ဦးသည် ခင်ပွန်းဖြစ်သူဆုံးပါးပြီးနောက် စားဝတ်နေရေးအတွက် ထိခိုက်ခဲ့ရာ လမ်းမပေါ်ထွက်ပြီး ရေသန့်ဘူးခွံ ပုလင်းခွံတို့ကို လိုက်ကောက်ကာ ရသည့်စျေးနဲ့ ပြန်လည်ရောင်းချခြင်းဖြင့် အသက်မွေး၀မ်းကျောင်း ပြုလျက်ရှိသည်။

မိခင်ဖြစ်သူသည် နေပူပူမိုးရွာရွာထဲတွင် အမှိုက်များလိုက်ကောက်ရပေမယ့် အသက်၁၁နှစ်အရွယ် သားလေးရဲ့ အနာဂတ်ဘဝလေးကောင်းစားဖို့ရာ တစ်နေ့ကို ၅၀ဘတ်သာရရှိသော်လည်း ပညာသင်ကြားရန် ကျောင်းပို့ခဲ့သည်။

မိခင်ဖြစ်သူသည် တစ်နေ့လုံး တစ်လမ်းဝင်တစ်လမ်းထွက် လျှောက်သွားပြီး အမှိုက်တွေစုဆောင်းခဲ့ရသော်လည်း မမောနိုင်မပန်းနိုင် ၇ကီလိုမီတာဝေးသော ကျောင်းသို့ သားဖြစ်သူကို အကြိုအပို့လုပ်ခဲ့ခြင်းဖြင့် ပရဟိတအဖွဲ့မှ တွေ့မြင်ပြီး သားအမိနှစ်ယောက်ရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment