International News


Written by For Ialinks






1.


2.


3.


4.


6.

Rain (For Ialinks)

Unicode

ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုးကာ အိမ်ခြေရာမဲ့ဖြစ်နေသူများကို ပေးဝေရင်း နေစရာအိမ်လေးတွေကိုပါ ဆောက်လုပ်ပေးခဲ့သည့် လေးစားဖွယ်ရာ အသက်၉နှစ်အရွယ် မိန်းကလေး

အမေရိကန်နိုင်ငံမှ အသက်၉နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မိခင်ဖြစ်သူနဲ့အတူ ဈေးဝယ်ထွက်ရာတွင် လမ်းမပေါ်မှာ အစားမစားရတာ ၄ရက်ရှိပြီဆိုပြီး တောင်းရမ်းနေသော အိမ်ခြေရာမဲ့တစ်ဦးအား မြင်တွေ့ရာ စိတ်မကောင်းဖြစ်ပြီး မိခင်ဖြစ်သူဆီခွင့်တောင်းကာ အသားညှပ်ပေါင်မုန့်လေးအား ဝယ်ကျွေးခဲ့သည်။

မိန်းကလေးသည် အပြင်ထွက်တိုင်း အိမ်ခြေရာမဲ့လူကြီးအား စားစရာနှင့် အဝတ်အထည်အချို့ကို ပေးအပ်ပြီး ပေါပေါသီသီစားဖို့ရာ သူမကိုယ်တိုင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရန် စာအုပ်ကနေတဆင့် လေ့လာသင်ယူခဲ့သည်။

ထို့နောက် မိန်းကလေးသည် သူမစိုက်ပျိုးထားသည့် အသီးအရွက်များ ရိတ်သိမ်းချိန်တွင် ဒေသတွင်းရှိ အိမ်ခြေရာမဲ့ဖြစ်နေသူများအားလုံးကို ပေးဝေခဲ့ပြီး သူတို့အတွက် နေစရာအိမ်လေးကိုပါ ဆောက်လုပ်ပေးရန် စီစဉ်ခဲ့သည်။

မိန်းကလေးသည် မိခင်ဖြစ်သူနှင့်အတူ ရပ်ကွက်ထဲရှိ မြေကွက်တစ်ခုကို ဝယ်ယူဖို့ရာ ဈေးညှိချိန်တွင် မြေပိုင်ရှင်မှ ကလေးမလေးရဲ့ စိတ်ဓာတ်ကိုလေးစားသောအားဖြင့် တစ်ဝက်ဈေးနဲ့သာ ရောင်းချခဲ့ပြီး ရွာသားတွေနဲ့အတူ အိမ်ခြေရာမဲ့များအတွက် နေစရာအိမ်သစ်လေး ၁၁လုံးကို ဆောက်လုပ်ပေးခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment