International News


Written by For Ialinks





1.


2.

Hlaing (Love Feeling)

Unicode

အဖွားဖြစ်သူရဲ့ လူအိုဆန်သော အဝတ်အစားများကို ဌားရမ်းကာ အမိုက်စားဖက်ရှင်ပုံစံအဖြစ် ပြောင်းလဲခဲ့သည့် မိန်းကလေး

ဗီယက်နမ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် ဖက်ရှင်ဒီဇိုင်းနဲ့ ပက်သက်ပြီး အထူးစိတ်ဝင်စားမှုရှိရာ တစ်နေ့တစ်မျိုး မရိုးလေအောင် အသစ်သော ဖက်ရှင်ကျကျ အဝတ်အစားလေးတွေကို ရွေးချယ်ဝတ်ဆင်ပြီး Tik Tokတွင် အမြဲမျှဝေလေ့ရှိသည်။

တစ်နေ့တွင် မိန်းကလေးသည် အဖွားဖြစ်သူရဲ့ ဝတ်ပုံစားပုံကို မြင်ပြီး အတွေးတစ်ခုပေါ်လာကာ အဖွားနားကနေ လူအိုဆန်ဆန် အဝတ်အစားအချို့ကို ဌားရမ်းကာ ခေတ်ပေါ်ဒီဇိုင်းပုံစံနဲ့ ရောနှောပြီး စမတ်ကျကျဝတ်စားခဲ့ရာ လူမှုကွန်ယက်ရှိ လူငယ်အတော်များများမှ သဘောကျနေခဲ့သည်။

မိန်းကလေးသည် အဖွားဖြစ်သူပင်စင်လစာသွားထုတ်ချိန်တိုင်းတွင် ဝတ်သွားလေ့ရှိသော ကော်ဖီရောင် ဆွယ်တာလေးနှင့် လူအိုအကြိုက် အရောင်ပျော့လေးတွေကို တွဲဝတ်ကာ ဖက်စီအလှအသုံးအဆောင် ပစ္စည်းလေးတွေကိုပါ ရောနှောထားသည့်အတွက် လူအိုအဝတ်အစားကနေ အမိုက်စားလူငယ်စတိုင်သို့ ပြောင်းလဲသွားခဲ့သည်။

Hlaing (Love Feeling)

About the author

For Ialinks

Leave a Comment