LOVE & RELATIONSHIP


Written by For Ialinks





Rain (For Ialinks)

Unicode

မင်္ဂလာခန်းဝင်ပစ္စည်းအတွက် ရွှေငွေမဟုတ်ပဲ တန်ဖိုးကြီး လက်ကိုင်အိတ်များကိုသာ ယူဆောင်လာခဲ့သည့် သတို့သား

မင်္ဂလာဆောင်အများစုမှာ သတို့သားဖက်ကနေ ခန်းဝင် ပစ္စည်းဆိုပြီး လက်ဝတ်ရတနာနှင့် ငွေသားများကိုသာ ပေးဆောင်ကြသည်။

သို့သော်လည်း ထိုင်းနိုင်ငံရှိ မင်္ဂလာပွဲတစ်ခုတွင် သတို့သမီးမိသားစုအတွက် ယူဆောင်လာသော ခန်းဝင်ပစ္စည်းမှာ ရွှေငွေတွေထက် တန်ဖိုးကြီးသည့် Hermesလက်ကိုင်အိတ်လေးတွေသာ ဖြစ်နေသည်။

သတို့သားနှင့် သတို့သမီးသည် ကုမ္ပဏီတစ်ခုစီရဲ့ CEOတွေဖြစ်ကြပြီး နှစ်ယောက်လုံးက ငွေကြေးချမ်းသာကြသည့်အတွက် ငွေသားအစား သတို့သားဖြစ်သူမှ နာမည်ကြီး ဘတ်ငွေသုံးသိန်းနှင့် ၅သိန်းကြား ပေါက်ဈေးရှိသည့် လက်ကိုင်အိတ်လေးတွေကိုသာ ပေးအပ်ခဲ့သည်။

ဇနီးမောင်နှံနှစ်ဦးသည် သူတို့ရဲ့ မင်္ဂလာပွဲလေးကို အလှပဆုံးနဲ့ အခမ်းနားဆုံး အပြင်အဆင်တို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး နှစ်ယောက်လုံးကလည်း အချောအလှလေးတွေဖြစ်နေတာကြောင့် နတ်ဖက်သည့်စုံတွဲလေးလို ဖြစ်နေကာ မြင်တွေ့သူတိုင်းကို အားကျစေခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment