LOVE & RELATIONSHIP


Written by For Ialinks




Rain (For Ialinks)

Unicode

ဘွဲ့ရပြီးပြီးချင်း အသက်၁၉နှစ်အရွယ်မှာပဲ မိဘနှစ်ပါးရဲ့ပြောစကားကို ဆန့်ကျင်ကာ အသက်၅၁နှစ်အရွယ် အဖိုးအိုနှင့် လက်ထပ်ခဲ့သော မိန်းကလေး

အင်္ဂလန်နိုင်ငံမှ အသက်၁၉နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တင်းနစ်ပြိုင်ပွဲတစ်ခုတွင် သွားရောက်ခဲ့စဥ် အသက်၅၁နှစ်အရွယ် အဖိုးအိုတစ်ဦးနှင့် ဆုံတွေ့ခဲ့ပြီး လိုင်းပေါ်ကနေ အဆက်အသွယ်လုပ်ရင်း တစ်လအကြာတွင် ချစ်သူရည်းစားတွေအဖြစ် တွဲခဲ့ကြသည်။

မိန်းကလေးသည် သူမရဲ့ချစ်သူအား မိသားစုနှင့် သူငယ်ချင်းများကြား အမှန်တိုင်းပွင့်လင်းစွာ ထုတ်ပြခဲ့စဥ် မိသားစုမှ သူတို့ရဲ့ သမီးလေးမှာ ဘွဲ့ရပြီးရုံပဲရှိပြီး ငယ်ရွယ်သေးသည့်အတွက်ကြောင့် စိတ်ကစားနေသည်ဟုထင်ကာ သူတို့နှစ်ဦးရဲ့ အချစ်ရေးကို သဘောမတူပဲ ကန့်ကွက်ခဲ့ကြသည်။

သို့သော်လည်း မိန်းကလေးတို့ ချစ်သူစုံတွဲသည် မိသားစုနှင့် ပတ်ဝန်းကျင်တို့ရဲ့ ဝေဖန်ချက်များကို လျစ်လျူရှုကာ မင်္ဂလာပွဲအား အခမ်းနားဆုံးကျင်းပကာ အိမ်ထောင်သက်တမ်း ၃နှစ်အကြာတွင် သားဦးလေးကို ပိုင်ဆိုင်နိုင်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ထုတ်နိုင်ခဲ့၍ မိန်းကလေးရဲ့ မိသားစုမှလည်း တဖြည်းဖြည်း လက်ခံလာခဲ့တော့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment