Rain (For Ialinks)
Unicode
ခြေထောက်နှင့်လက်နှစ်ဖက်လုံး မရှိပေမယ့် အသက်၁၀၀နှစ်အရွယ် မိခင်အိုကြီးကို ပြုစုစောင့်ရှောက်ပေးနေသည့် အမျိုးသမီးကြီး
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် နေထိုင်သော အသက်၇၅နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ၄နှစ်သမီးအရွယ်မှာပင် ကျန်းမာရေး ချို့ယွင်းကာ ဆေးမှားသောက်မိခြင်းကြောင့် ခြေထောက်နှင့် လက်နှစ်ဖက်ကို ဖြတ်တောက်ခဲ့ရသည်။
အမျိုးသမီးကြီးသည် အသက်၁၂အရွယ်လည်းရောက်ရော ဖခင်ဖြစ်သူမှာ ဆုံးပါးသွားသည့်အတွက်ကြောင့် ကျောင်းထွက်ခဲ့ရပြီး လယ်လုပ်ကာ မိခင်ဖြစ်သူနှင့် ညီမငယ်နှစ်ယောက်တို့ကို ရှာဖွေကျွေးခဲ့ရသည်။
သူမသည် မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့် မိခင်အိုကြီးနှင့် ညီမငယ်လေးတွေကို ပြုစုစောင့်ရှောက်ပေးဖို့ သွားလာရလွယ်ကူအောင် ဖိနပ်လေးအား ကိုယ်တိုင်ချုပ်လုပ်ခဲ့ပြီး သူမရဲ့ဖြတ်တောက်လိုက် ရ ၍လက်နှစ်ဖက်ကိုသာ အသုံးပြုခဲ့သည်။
ညီမငယ်နှစ်ယောက်သည်လည်း အချိန်တန်အရွယ်ရောက်ပြီးတာနဲ့ မိခင်အိုကြီးနှင့် မသန်စွမ်းအစ်မဖြစ်သူကို ပြန်လည် ကြည့်ရှုစောင့်ရှောက်ပေးမည့်အစား အိမ်ထောင်ကိုယ်စီပြုကုန်ကြသည့်အတွက် ၇၅နှစ်အရွယ်ရောက်သည်ထိကို အနားမယူရသေးပဲ စားဝတ်နေရေးအတွက် ရုန်းကန်နေရဆဲဖြစ်သည်။
Rain (For Ialinks)