Lifestyle


Written by For Ialinks






1.


2.


3.

Rain (For Ialinks)

Unicode

ယာဥ်မတော်တဆဖြစ်ပြီး ခြေထောက်တစ်ဖက်လုံး ဆုံးရှုံးသွားပေမယ့် ကြိုးစားအားထုတ်မှုကြောင့် နာမည်ကြီး သွားဆရာဝန်တစ်ဦးဖြစ်လာခဲ့သော မိန်းကလေး

ဗီယက်နမ်နိုင်ငံမှ အသက်၃၂နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဆယ်ကျော်သက်အရွယ်မှာပဲ ယာဥ်မတော်တဆဖြစ်ပြီး အသက်ရှင်ဖို့ရာအတွက် ခြေထောက်တစ်ဖက်လုံး ဖြတ်ထုတ်လိုက်ရသည်။

မိန်းကလေးသည် ခြေထောက်တစ်ဖက်တည်းရှိတော့သည့် ဘဝသစ်ကို အဆင်ပြေအောင် ကြိုးစားခဲ့ရပြီး ခြေထောက်တစ်ဖက်တည်းနဲ့လည်း မတ်တတ်ရပ်နိုင်အောင် လေ့ကျင့်ကာ ဘဝကိုအရှုံးမပေးပဲ အလုပ်များစွာ လျှောက်ခဲ့သည်။

သို့သော်လည်း ကုမ္ပဏီအကုန်လုံးက သူမအားခြေထောက်တစ်ဖက်တည်းနှင့် အလုပ်ကိုကောင်းမွန်စွာ မလုပ်နိုင်လောက်ပူးဟုထင်ကာ အလုပ်မခန့်ခဲ့သည့်အတွက် အခမဲ့သွားဆေးခန်းတစ်ခုတွင်သာ အလုပ်သင်သဘောနှင့် သွားလုပ်ခဲ့ရသည်။

နောက်ဆုံးတွင် မိန်းကလေးသည် ခြေထောက်တစ်ဖက်တည်းနှင့် ကိုယ်ပိုင်သွားဆေးခန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး အကပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်ခဲ့ရာ ချက်ချင်းပဲ အများဧ။်အာရုံစိုက်ခြင်းကို ခံရပြီး မသန်စွမ်းသူများရဲ့ စံပြပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး ဂျာမန်နိုင်ငံသားအမျိုးသားတစ်ဦးဆီကနေ စစ်မှန်သောချစ်ခြင်း မေတ္တာကိုရရှိကာ လက်ထပ်ထိမ်းမြားခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment