LOVE & RELATIONSHIP


Written by For Ialinks







Rain (For Ialinks)

Unicode

မင်္ဂလာပွဲမှာဝတ်ဖို့ သတို့သမီးဂါဝန်အား မှာယူခဲ့စဥ် ကြိုတင်ငွေပေးထားရပြီး မင်္ဂလာမဆောင်ဖြစ်တော့၍ စရံငွေပြန်တောင်းချိန်တွင် ဆိုင်ရှင်ကထုတ်မပေးလို့ဆိုပြီး မင်္ဂလာဝတ်စုံပေါင်း၃၂ထည်ကို ကတ်ကြေးနဲ့ ညှပ်ကာဖျတ်စီးခဲ့သော မိန်းကလေး

တရုတ်နိုင်ငံ ချုံကင်းမြို့တွင် နေထိုင်သော မိန်းကလေးတစ်ဦးသည် မင်္ဂလာဆောင်တော့မည်ဖြစ်၍ ဒေသတွင်းရှိ တန်ဖိုးကြီး မင်္ဂလာဝတ်စုံများကိုသာ ရောင်းချသည့် အထည်ဆိုင်သို့ သွားရောက်ကာ သူမစိတ်ကြိုက် မင်္ဂလာဂါဝန်လေးကို ရွေးကြည့်ခဲ့သည်။

မိန်းကလေးသည် သူမနှစ်သက်သော တစ်ထည်ကို ရွေးချယ်ပြီးနောက် ဆိုင်ရှင်နဲ့အတူ အဌားစာချုပ်တွင် လက်မှတ်ထိုးကာ ကြိုတင်ငွေ ယွမ်၃၅၀၀ကို ပေးအပ်ခဲ့သည်။

သို့သော်လည်း မင်္ဂလာပွဲသည် သူမစီစဥ်ထားသည့်အတိုင်း ဖြစ်မလာပဲ ကပ်ရောဂါကြောင့် ၃လအကြာ ရွှေ့ဆိုင်းခဲ့ရကာ အထည်ဆိုင်ရှင်ကလည်း အပြစ်မတင်ပဲ သူမရဲ့အခြေအနေကို နားလည်ပေးခဲ့သော်လည်း မင်္ဂလာပွဲသည် တဖြည်းဖြည်းနဲ့ ရက်တွေပဲရွှေ့ဆိုင်းနေရင်း မလုပ်ဖြစ်တော့ပေ။

မိန်းကလေးသည် ထိုအတောအတွင်း ကိုယ်ဝန်ရှိသွားတာကြောင့် သတို့သားရှင်ဖက်က မင်္ဂလာမဆောင်ပေးတော့ပူးဟုဆိုကာ မိန်းကလေးသည် မင်္ဂလာဝတ်စုံဆိုင်သို့သွားရောက်ပြီး အရင်ကြိုသွင်းထားသည့် စပေါ်ငွေကို သွားပြန်တောင်းခဲ့သည်။

ထိုစဥ် ဆိုင်ရှင်ကလည်း စာချုပ်အရ စည်းကမ်းဖောက်ဖျတ်ပါက ဝယ်သူဖောက်သည်ကို စပေါ်ငွေပြန်အမ်းမည်မဟုတ်ကြောင်း ထည့်ရေးထားကာ ဆိုင်ရှင်ကလည်း ပိုက်ဆံပြန်အမ်းပေးဖို့ ငြင်းဆန်ခဲ့သည်။

မိန်းကလေးသည် နောက်တစ်နေ့တွင် ကတ်ကြေးကိုကိုင်ပြီး ဆိုင်ထဲသို့ ဒေါသတကြီးနဲ့ ဝင်ရောက်လာကာ ယွမ်သောင်းကျော်တန်ဖိုးရှိ မင်္ဂလာဝတ်စုံပေါင်း ၃၂ထည်ကို ကတ်ကြေးနဲ့လိုက်ညှပ်ကာ ဖျတ်စီးခဲ့ပြီး ဆိုင်ဝန်ထမ်းများမှ အနားမကပ်ရဲတာကြောင့် ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ရသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment