တ႐ုတ္ႏိုင္ငံ Liaoningျပည္နယ္တြင္ ေနထိုင္ေသာ အသက္၅၈ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီးတစ္ဦးသည္ ဇနီးႏွင့္သမီးတစ္ေယာက္ရွိၿပီး လမ္းေဘးသန္႔ရွင္းေရးသမားအျဖစ္ အလုပ္လုပ္ကိုင္ကာ ရလာသည့္ဝင္ေငြတစ္ဝက္ကို ႏွစ္ေပါင္း၃၀အၾကာ မရွိဆင္းရဲသူမ်ားကို ေပးေဝလႉဒါန္းခဲ့သည္။
အမ်ိဳးသားႀကီးသည္ အသက္၁၅ႏွစ္အ႐ြယ္မွာပဲ မိဘႏွစ္ပါးလုံးကို ဆုံးရႈံးလိုက္ရကာ အိမ္နီးခ်င္းမ်ားက ဝိုင္းဝန္းေစာင့္ေရွာက္ေပးခဲ့ၾကရာ အသက္၁၈ႏွစ္ေရာက္ေသာအခါ သန္႔ရွင္းေရးသမားအလုပ္လုပ္ကိုင္ခဲ့ၿပီး ေတာင္ေပၚေက်းလက္ေဒသရွိ မိဘမဲ့ႏွင့္ ငတ္မြတ္ေခါင္ပါးျဖစ္ေနေသာ ဆင္းရဲသူမ်ားကို သူ႔ရဲ႕လစာတစ္ဝက္နဲ႔ ေထာက္ပံ့ေပးခဲ့သည္။
အစပိုင္းတြင္ ဇနီးျဖစ္သူသည္ ကိုယ္တိုင္လည္း လစာမေကာင္းပဲနဲ႔ အျခားသူကိုလိုက္လႉေနသည့္ ခင္ပြန္းသည္အား နားမလည္ႏိုင္ျဖစ္ကာ အႀကိမ္ႀကိမ္ကြာရွင္းဖို႔ ေတာင္းဆိုခဲ့ေသာ္လည္း အမ်ိဳးသားႀကီးမွ ေတာင္ေပၚေဒသရွိ ေက်ာင္းတက္ေနေသာ ကေလးမ်ားဆီသို႔ ဇနီးသည္အားေခၚသြားၿပီး စာအုပ္မရွိ ေဘာပင္မရွိႏွင့္ ထမင္းျဖဴၾကမ္းေလးေတြကို ဟင္းမပါပဲစားေနၾကသည့္ ျမင္ကြင္းေလးကို ျပသခဲ့သည္။
ထိုအခ်ိန္မွပဲ ဇနီးျဖစ္သူလည္း လစာထုတ္သည့္ေန႔ေတြမွာ ခင္ပြန္းျဖစ္သူနဲ႔အတူ မရွိဆင္းရဲသူမ်ားကို ပါဝင္လႉဒါန္းခဲ့သည့္အတြက္ အမ်ားဧ။္ေလးစားခ်ီးက်ဴးျခင္းမ်ားစြာကို ခံခဲ့ရသည္။
Rain (For Ialinks)
Unicode
လမ်းဘေးသန့်ရှင်းရေးသမားတစ်ယောက်ဖြစ်ပေမယ့် ရသည့်လစာတစ်ဝက်ကို မရှိဆင်းရဲသူများအတွက် ပြန်လည်လှူဒါန်းခဲ့သော ဦးလေးကြီး
တရုတ်နိုင်ငံ Liaoningပြည်နယ်တွင် နေထိုင်သော အသက်၅၈နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် ဇနီးနှင့်သမီးတစ်ယောက်ရှိပြီး လမ်းဘေးသန့်ရှင်းရေးသမားအဖြစ် အလုပ်လုပ်ကိုင်ကာ ရလာသည့်ဝင်ငွေတစ်ဝက်ကို နှစ်ပေါင်း၃၀အကြာ မရှိဆင်းရဲသူများကို ပေးဝေလှူဒါန်းခဲ့သည်။
အမျိုးသားကြီးသည် အသက်၁၅နှစ်အရွယ်မှာပဲ မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရကာ အိမ်နီးချင်းများက ဝိုင်းဝန်းစောင့်ရှောက်ပေးခဲ့ကြရာ အသက်၁၈နှစ်ရောက်သောအခါ သန့်ရှင်းရေးသမားအလုပ်လုပ်ကိုင်ခဲ့ပြီး တောင်ပေါ်ကျေးလက်ဒေသရှိ မိဘမဲ့နှင့် ငတ်မွတ်ခေါင်ပါးဖြစ်နေသော ဆင်းရဲသူများကို သူ့ရဲ့လစာတစ်ဝက်နဲ့ ထောက်ပံ့ပေးခဲ့သည်။
အစပိုင်းတွင် ဇနီးဖြစ်သူသည် ကိုယ်တိုင်လည်း လစာမကောင်းပဲနဲ့ အခြားသူကိုလိုက်လှူနေသည့် ခင်ပွန်းသည်အား နားမလည်နိုင်ဖြစ်ကာ အကြိမ်ကြိမ်ကွာရှင်းဖို့ တောင်းဆိုခဲ့သော်လည်း အမျိုးသားကြီးမှ တောင်ပေါ်ဒေသရှိ ကျောင်းတက်နေသော ကလေးများဆီသို့ ဇနီးသည်အားခေါ်သွားပြီး စာအုပ်မရှိ ဘောပင်မရှိနှင့် ထမင်းဖြူကြမ်းလေးတွေကို ဟင်းမပါပဲစားနေကြသည့် မြင်ကွင်းလေးကို ပြသခဲ့သည်။
ထိုအချိန်မှပဲ ဇနီးဖြစ်သူလည်း လစာထုတ်သည့်နေ့တွေမှာ ခင်ပွန်းဖြစ်သူနဲ့အတူ မရှိဆင်းရဲသူများကို ပါဝင်လှူဒါန်းခဲ့သည့်အတွက် အများဧ။်လေးစားချီးကျူးခြင်းများစွာကို ခံခဲ့ရသည်။
Rain (For Ialinks)