Lifestyle


Written by For Ialinks





Rain (For Ialinks)

Unicode

မိဘနှစ်ပါးလုံးရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရသည့်အတွက် ရွာထဲရှိလယ်ကွက်တွေမှာ ဂဏာန်းလိုက်ကောက်ရင်း စားဝတ်နေရေးအတွက် ဝင်ငွေရှာနေရသော ကောင်လေး

ဗီယက်နမ်နိုင်ငံမှ အသက်၁၇နှစ်အရွယ် ကောင်လေးတစ်ဦးသည် မွေးပြီး ၆လအကြာမှာတင် မိဘနှစ်ပါးလုံးရဲ့ စွန့်ပစ်ခြင်းကို ခံရကာ အဖွားဖြစ်သူလက်ထဲတွင် ကြီးပြင်းလာခဲ့ရသည်။

ကောင်လေးသည် လသားအရွယ်လေးသာ ရှိသေးတာကြောင့် ဗိုက်ဆာသည့်အခါ ရွာထဲက နွားနို့ကို သောက်ခဲ့ရပြီး ကျောင်းနေအရွယ်ရောက်တော့ အဖွားဖြစ်သူနှင့်အတူ စားဝတ်နေရေးအတွက် ခရုနှင့် ဂဏာန်းတွေကို လိုက်ကောက်ခဲ့ရသည်။

ကောင်လေးသည် သူ့ရဲ့အချိန်တွေအားလုံးကို အဖွားဖြစ်သူ ပင်ပန်းရသက်သာစေဖို့သာ အလုပ်လုပ်ကူရင်းနဲ့ ကုန်စေခဲ့ပြီး အထက်တန်းတက်ချိန်မှာတော့ အဖွားဖြစ်သူမှာ ဆုံးပါးသွားသည့်အတွက် တစ်ယောက်တည်း အထီးကျန်စွာ နေခဲ့ရကာ ထောက်ပံ့ပေးမည့်သူမရှိတော့၍ ကျောင်းထွက်ဖို့ ဆုံးဖြတ်ခဲ့သည်။

ကံကောင်းစွာပဲ အိမ်နီးချင်းအချို့က စာတော်သောကောင်လေးကို ကျောင်းပြီးသည်ထိ တက်စေချင်ခဲ့ရာ သူတို့ရဲ့ကူညီထောက်ပံ့ပေးမှုနှင့် တက္ကသိုလ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment