1.
2.
Rain (For Ialinks)
Unicode
ကြိုးစားအားထုတ်မှုကြောင့် လက်နှစ်ဖက်လုံးမရှိပေမယ့် နိုင်ငံခြားကနေ Googleအလုပ်ကမ်းလှမ်းခြင်း ခံထားရသော ကောင်လေး
လောကကြီးတွင် အခက်အခဲတွေနှင့် ကြုံလာတိုင်း စိတ်ဓာတ်မကျပဲ ကြိုးစားအားထုတ်မှသာလျှင် လိုချင်သည့်ပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဖြစ်သည်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အသက်၁၈နှစ်အရွယ် ကောင်လေးတစ်ဦးသည် မွေးရာပါ လက်နှစ်ဖက်လုံးမရှိပေမယ့် သူ့ရဲ့ဘဝအနာဂတ်ပန်းတိုင်ကို အရောက်သွားနိုင်ဖို့ရာ သာမန်အတန်းဖော်တွေထက် အစစအရာရာ ကြိုးစားအားထုတ်ခဲ့သည်။
ကောင်လေးသည် လက်နှစ်ဖက်လုံးမရှိပေမယ့် အချောင်ခိုသက်သာသလိုနေခြင်းမျိုးမရှိပဲ အိမ်မှု ကိစ္စအဝဝတို့ကိုလည်း နိုင်နင်းအောင် လုပ်ဆောင်ခဲ့ပြီး ကျောင်းတွင်လည်းစာသင်ကြားရာ၌ ခြေထောက်ကိုသာ အသုံးပြုပြီး စာရေးခဲ့သည်။
ကောင်လေးသည် သူ့ဘဝကမပြည့်စုံပဲ ချို့ယွင်းချက်ရှိပေမယ့် အခြားသူတွေနဲ့တန်းတူ လုပ်ဆောင်နိုင်သည့်အပြင် အထက်တန်းကျောင်းအောင်မြင်ပြီးနောက် သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်သို့ တက်ရောက်နိုင်ခဲ့သည်။
ထို့အတူ ကောင်လေးသည် အင်္ဂလိပ်စာကျွမ်းကျင်မှုတို့ကြောင့် နိုင်ငံခြားကနေ Googleရုံးမှ အလုပ်ခေါ်စာကို ကမ်းလှမ်းခံထားရပြီး You tubeတွင်လည်း အခြားသော မသန်စွမ်းသူများအတွက် စိတ်ဓာတ်မကျစေဖို့ အားပေးလှုံ့ဆော်သည့် ဗီဒီယိုလေးတွေ မျှဝေခဲ့သည်။
Rain (For Ialinks)