LOVE & RELATIONSHIP


Written by For Ialinks





Rain (For Ialinks)

Unicode

အမျိုးသားအယောက်ပေါင်း ၂၂၀နှင့် ချိန်းတွေ့ခဲ့သော်လည်း တကယ့်အချစ်စစ်မှန်ကို မရခဲ့သည့်အတွက် အိမ်တွင်မွေးထားသောခွေးလေးနှင့် လက်ထပ်ယူပစ်ခဲ့သည့် အမျိုးသမီး

ခွေးလေးများသည် လူသားတို့အတွက် အကောင်းဆုံး မိတ်ဆွေ အဖော်အဖြစ် သတ်မှတ်ခြင်းခံထားရကာ အိမ်မွေး တိရစ္ဆာန်အဖြစ် အများဆုံး မွေးတတ်ကြသည်။

သို့ဖြစ်၍ ဗြိတိန်နိုင်ငံမှ အသက်၄၉နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မော်ဒယ်ဟောင်းဖြစ်ကာ အိမ်ထောင်ပြုရန်အတွက် ၈နှစ်အကြာ အမျိုးသား ၂၂၀ယောက်နှင့် ချိန်းတွေ့ခဲ့သည်။

ထိုစဥ် အမျိုးသမီးသည် လူမျိုးစုံနှင့် တွေ့ရှိခဲ့ရသော်လည်း သူမအပေါ် တကယ့်အချစ်စစ်မှန်နှင့် ချစ်မြတ်နိုးပေးမည့် ဖူးစာရှင်ကို ရှာမတွေ့ခဲ့ပဲရှိရာ နောက်ဆုံး သူမဒုက္ခရောက်နေချိန် သူမရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးသော အိမ်မွေးခွေးလေးနှင့်သာ လက်ထပ်ရန်ဆုံးဖြတ်ခဲ့သည်။

အမျိုးသမီးသည် ၆နှစ်အကြာ အိမ်မှာမွေးထားသည့် ခွေးလေးကိုသာ ရာသက်ပန်ပေါင်းဖက်သွားမည်ဟု ဆိုခဲ့ပြီး ခွေးလေးအား စမတ်ကျကျအဝတ်အစားများ ဝတ်ဆင်ပေးကာ မင်္ဂလာဆောင်ခဲ့ပြီး မှတ်တမ်းတင် အမှတ်တရ ဓာတ်ပုံများပါ ပျော်ရွှင်စွာ ရိုက်ကူးခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment