International News

မဂၤလာေဆာင္ေတာ့မည့္ သားျဖစ္သူအတြက္ အိမ္သစ္တစ္လုံး ေဆာက္လုပ္ေပးရင္း မေမွ်ာ္လင့္ ေျမေအာက္တြင္းေပါက္တစ္ခုကေန ေရွးေဟာင္း ဒဂၤါျပားမ်ားကို ေတြ႕ရွိခဲ့ေသာ လယ္သမား

Written by For Ialinks

တ႐ုတ္ႏိုင္ငံ Shaanxiျပည္နယ္တြင္ ေနထိုင္ေသာ လယ္သမားဖခင္တစ္ဦးသည္ သားျဖစ္သူမွ မဂၤလာေဆာင္ေတာ့မည္ျဖစ္၍ ေနစရာအိမ္ေလးသက္သက္ေဆာက္ေပးဖို႔ အလုပ္သမားမ်ား ဌားရမ္းခဲ့သည္။

ထိုစဥ္ အိမ္ေဆာက္လုပ္ဖို႔ရာအတြက္ အလုပ္သမားမ်ားမွ ေျမႀကီးတူးခဲ့ရာ ထူးဆန္းသည့္အသံကို ၾကားခဲ့ရသည့္အတြက္ ပိုင္ရွင္လယ္သမားကို ေခၚယူကာ စစ္ေဆးရန္ ေအာက္ထိတူးေဖာ္ခဲ့ၾကသည္။

ထို႔ေနာက္ လယ္သမားႏွင့္ အလုပ္သမားမ်ားသည္ ကံေကာင္းစြာျဖင့္ မေရတြက္ႏိုင္သည့္ ေရွးေဟာင္းဒဂၤါျပားမ်ားစြာရွိေသာ ေျမေအာက္တြင္းေပါက္တစ္ခုကို ေတြ႕ရွိခဲ့ၾက၍ လယ္သမားမွလည္း ခ်က္ခ်င္းပဲ ေဒသဆိုင္ရာ အာဏာပိုင္ကို အေၾကာင္းၾကားခဲ့သည္။

ထိုအေၾကာင္းကို ၾကားသိၿပီးေနာက္ ေရွးေဟာင္းသုေတသနာအဖြဲ႕မွ လာေရာက္ကာ စစ္ေဆးခဲ့ၾကၿပီး ထိုဒဂၤါျပားမ်ားသည္ ေရွးဘုရင္မင္းလက္ထပ္က ျမႇဳပ္ႏွံသိမ္းဆည္းထားေသာ ဒဂၤါျပားေတြသာ ျဖစ္ၿပီး ယဥ္ေက်းမႈအေမြအႏွစ္ျဖစ္သည့္အတြက္ ျပတိုက္တြင္ ထားရွိရန္ ယူေဆာင္သြားခဲ့ၾကေၾကာင္း သိရသည္။

Rain (For Ialinks)

Unicode

မင်္ဂလာဆောင်တော့မည့် သားဖြစ်သူအတွက် အိမ်သစ်တစ်လုံး ဆောက်လုပ်ပေးရင်း မမျှော်လင့် မြေအောက်တွင်းပေါက်တစ်ခုကနေ ရှေးဟောင်း ဒင်္ဂါပြားများကို တွေ့ရှိခဲ့သော လယ်သမား

တရုတ်နိုင်ငံ Shaanxiပြည်နယ်တွင် နေထိုင်သော လယ်သမားဖခင်တစ်ဦးသည် သားဖြစ်သူမှ မင်္ဂလာဆောင်တော့မည်ဖြစ်၍ နေစရာအိမ်လေးသက်သက်ဆောက်ပေးဖို့ အလုပ်သမားများ ဌားရမ်းခဲ့သည်။

ထိုစဉ် အိမ်ဆောက်လုပ်ဖို့ရာအတွက် အလုပ်သမားများမှ မြေကြီးတူးခဲ့ရာ ထူးဆန်းသည့်အသံကို ကြားခဲ့ရသည့်အတွက် ပိုင်ရှင်လယ်သမားကို ခေါ်ယူကာ စစ်ဆေးရန် အောက်ထိတူးဖော်ခဲ့ကြသည်။

ထို့နောက် လယ်သမားနှင့် အလုပ်သမားများသည် ကံကောင်းစွာဖြင့် မရေတွက်နိုင်သည့် ရှေးဟောင်းဒင်္ဂါပြားများစွာရှိသော မြေအောက်တွင်းပေါက်တစ်ခုကို တွေ့ရှိခဲ့ကြ၍ လယ်သမားမှလည်း ချက်ချင်းပဲ ဒေသဆိုင်ရာ အာဏာပိုင်ကို အကြောင်းကြားခဲ့သည်။

ထိုအကြောင်းကို ကြားသိပြီးနောက် ရှေးဟောင်းသုတေသနာအဖွဲ့မှ လာရောက်ကာ စစ်ဆေးခဲ့ကြပြီး ထိုဒင်္ဂါပြားများသည် ရှေးဘုရင်မင်းလက်ထပ်က မြှုပ်နှံသိမ်းဆည်းထားသော ဒင်္ဂါပြားတွေသာ ဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့်အတွက် ပြတိုက်တွင် ထားရှိရန် ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment