ထို့ကြောင့် အဖိုးအိုသည် အလုပ်ကနေ အငြိမ်းစားယူပြီးနောက်ပိုင်း ကုန်တိုက်၊ဈေး၊စတိုးဆိုင်တွေရှိ ရောင်းချသော Hallo Kittyရုပ်ပါသည့် အသုံးအဆောင် ပစ္စည်းများစွာကို ဝယ်ယူခဲ့ပြီး ခြံဝန်းထဲတွင် အိမ်သစ်လေးတစ်လုံးဆောက်ကာ သီးသန့်ထားရှိခဲ့သည်။
1.
2.
3.
4.
Rain (For Ialinks)
Unicode
Hello Kittyရုပ်ပေါင်း ၅၀၀၀ကျော်ကို စုဆောင်းထားနိုင်ပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့ အသက်၆၇နှစ်အရွယ် အဖိုးအို
ဂျပန်နိုင်ငံ Yotsukaidoတွင် နေထိုင်သော အသက်၆၇နှစ်အရွယ် အဖိုးအိုတစ်ဦးသည် ငယ်ရွယ်သော မိန်းကလေးတွေ အကြိုက်ဖြစ်စေသည့် အပန်းရောင် Hello Kittyရုပ်လေးတွေကို နှစ်ပေါင်း ၃၀အကြာ စုဆောင်းထားခဲ့သည်။
အဖိုးအိုသည် အိမ်ထောင်သည်အမျိုးသားဖြစ်ပြီး Hello Kittyရုပ်တွေကို ကြိုက်နှစ်သက်ခြင်းကြောင့် အများမှ စိတ်မနှံ့ပူးဟု ထင်ထားသော်လည်း သူစိတ်ညစ်စရာ ဝမ်းနည်းစရာနဲ့ ကြုံလာတိုင်း Hello Kittyရုပ်ကို ကြည့်လိုက်စဥ် ပြုံးပြနေသလို ခံစားရသည့်အတွက် စိတ်ညစ်တာတွေ ပျောက်ကုန်ကြောင်း ဆိုခဲ့သည်။
ထို့ကြောင့် အဖိုးအိုသည် အလုပ်ကနေ အငြိမ်းစားယူပြီးနောက်ပိုင်း ကုန်တိုက်၊စျေး၊စတိုးဆိုင်တွေရှိ ရောင်းချသော Hallo Kittyရုပ်ပါသည့် အသုံးအဆောင် ပစ္စည်းများစွာကို ဝယ်ယူခဲ့ပြီး ခြံဝန်းထဲတွင် အိမ်သစ်လေးတစ်လုံးဆောက်ကာ သီးသန့်ထားရှိခဲ့သည်။
အဖိုးအိုထံတွင် Hello Kittyရုပ်ပေါင်း ၁၀၀၀၀ကျော်ထိရှိနေပြီး အခုပေါင်း၅၀၀၀ကျော်လောက်ကိုသာ ရေတွက်နိုင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့ရာ ထိုအခြေအနေသို့ရောက်အောင် ဇနီးဖြစ်သူကိုယ်တိုင် ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။
5.
6.
7.
8.
9.
Rain (For Ialinks)