LOVE & RELATIONSHIP

၎နှစ်လုံးလုံး ပို့ဆောင်ရေးသမားအဖြစ် အလုပ်လုပ်ကာ ချစ်သူမိန်းကလေးကို ကျောင်းထားပေးခဲ့သော်လည်း လက်ထပ်ခွင့်တောင်းချိန်တွင် မတူသလိုမတန်သလို အငြင်းခံလိုက်ရသည့် ကောင်လေးရဲ့အဖြစ်

Written by For Ialinks







Rain (For Ialinks)

Unicode

၄နှစ်လုံးလုံး ပို့ဆောင်ရေးသမားအဖြစ် အလုပ်လုပ်ကာ ချစ်သူမိန်းကလေးကို ကျောင်းထားပေးခဲ့သော်လည်း လက်ထပ်ခွင့်တောင်းချိန်တွင် မတူသလိုမတန်သလို အငြင်းခံလိုက်ရသည့် ကောင်လေးရဲ့အဖြစ်

လောကကြီးရှိ လူသားတို့သည် အချစ်နဲ့မကင်းဝေးနိုင်ကြသလို တကယ်ချစ်မိသွားသည့်အခါမှာလည်း ကိုယ်ချစ်တဲ့သူ တစ်ယောက်တည်းကိုမြင်ကာ သူတို့လေးတွေ အဆင်ပြေဖို့ အမြဲပြုံးပျော်ဖို့အတွက်ကို အနစ်နာခံကာ ပေးဆပ်တတ်ကြပြန်သည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့တွင် နေထိုင်သော အသက်၂၆နှစ်အရွယ် ကောင်လေးတစ်ဦးသည် အထက်တန်းကျောင်းကတည်းက အတန်းဖော် မိန်းကလေးနှင့် ချစ်ကြိုက်ခဲ့သည်။

ထိုအချိန်တွင် ချစ်သူမိန်းကလေးမှာ ငွေကြေးအခက်အခဲကြောင့် အထက်တန်းကျောင်းအောင်ပြီးသော်လည်း တက္ကသိုလ်မတက်နိုင်ပဲ ရှိခဲ့ရာ ကောင်လေးသည် သူကိုယ်တိုင်ကျ ကျောင်းနားလိုက်ပြီး ပို့ဆောင်ရေးသမားအဖြစ် အလုပ်ဝင်လုပ်ကာ ချစ်သူမိန်းကလေးအား ကျောင်းထားပေးခဲ့သည်။

ကောင်လေးသည် ၄နှစ်လုံးလုံး အလုပ်ကြိုးစားပြီး မစားရက်မသောက်ရက်နှင့် ရသည့်လစာအားလုံးကို ချစ်သူမိန်းကလေး ကျောင်းစရိတ်အတွက် ထောက်ပံ့ပေးခဲ့ပြီး ဘွဲ့ရပြီးနောက်တစ်ရက်မှာတော့ ကောင်လေးသည် လမ်းလယ်ခေါင်မှာ ချစ်သူလေးအား စိန်လက်စွပ်လေးနှင့်အတူ လက်ထပ်ခွင့်တောင်းခဲ့သည်။

ထိုအချိန်တွင် ချစ်သူမိန်းကလေးသည် သူမကိုကျောင်းထားပေးလာခဲ့သည့် မျက်နှာကိုမှ မထောက်ပဲ ၄နှစ်တာပြည့်သွားသော်လည်း ပို့ဆောင်ရေးသမားဘဝကနေ မတက်နိုင်သည့် သူ့ကိုလက်ထပ်စရာလား ဆိုပြီး မတူသလိုမတန်သလို ပြောဆိုကာ ငြင်းဆန်ခဲ့သည်။

ကောင်လေးသည် ချစ်သူမိန်းကလေးရဲ့ စကားသံကို ကြားပြီးနောက် ဒေါသအရမ်းထွက်ကာ သူ့အချစ်ကိုအသိအမှတ်မပြုခဲ့သည့်အတွက် လက်ထပ်ခွင့်တောင်းခဲ့သော လက်စွပ်ကို ပစ်ထုတ်ကာ ကြေကွဲစွာ လှည့်ပြန်လာခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment