International News

ထူးျခားစြာျဖင့္ ရိတ္သိမ္းၿပီးေသာ ေတာင္ယာေလွကားထစ္စိုက္ပ်ိဳးခင္းထဲတြင္ က်င္းပျပဳလုပ္ခဲ့ေသာ မဂၤလာပြဲ

Written by For Ialinks

လူတိုင္းက မဂၤလာေဆာင္သည့္အခါ အေကာင္းဆုံးႏွင့္ အလွပဆုံး ရႉခင္းေနရာမ်ားကို ေ႐ြးခ်ယ္တတ္ၾကသလို နာမည္ႀကီး ခန္းမေဆာင္ေတြမွာလည္း ထူးထူးျခားျခားေလး မဂၤလာပြဲ ျပဳလုပ္တတ္ၾကသည္။

ယခုအခါမွာေတာ့ ဗီယက္နမ္ႏိုင္ငံ Lao Caiျပည္နယ္တြင္ က်င္းပျပဳလုပ္ေသာ မဂၤလာပြဲေလးသည္ အင္မတန္မွ ထူးျခားဆန္းၾကယ္လွၿပီး မဂၤလာပြဲသို႔ တက္ေရာက္သူမ်ားအဖို႔ ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းၿပီး သာယာလွပေသာ ရႉခင္းအလွႏွင့္ ေလေကာင္းေလသန္႔တို႔ကိုလည္း ခံစားခြင့္ရေစခဲ့သည္။

ေက်းလက္ေဒသတြင္ ေနထိုင္သည့္ ဇနီးေမာင္ႏွံသည္ အျခားေသာသူမ်ားလို ခန္းမေဆာင္ေတြမွာ မဟုတ္ပဲ သူတို႔ေမြးရပ္ဇာတိရွိ ေတာင္ေပၚစိုက္ခင္းတြင္ ထိုင္စရာအခင္းအက်င္းမ်ားႏွင့္အတူ ဧည့္ခံေကြၽးေမြးခဲ့သည္။

ဇနီးေမာင္ႏွံသည္ သူတို႔ရဲ႕ မဂၤလာပြဲကို ႐ိုး႐ိုးရွင္းရွင္းေလး ျပဳလုပ္ခ်င္၍ ေကာင္းကင္ႏွင့္ ေျမႀကီးကို သက္ေသထားကာ သီးႏွံေလးေတြ ရိတ္သိမ္းခ်ိန္ကို အသုံးခ်ၿပီး ေတာင္ေပၚ ေလွကားထစ္စိုက္ခင္းေလးထဲမွာ သူတို႔ႏွစ္ဦးရဲ႕ မဂၤလာပြဲေလးကို က်င္းပျပဳလုပ္ခဲ့ရာ တက္ေရာက္သူအားလုံးလည္း သေဘာက်ေနခဲ့ၾကၿပီး လူမႈကြန္ယက္ထိပါ ေရပန္းစားလာခဲ့သည္။

Rain (For Ialinks)

Unicode

ထူးခြားစွာဖြင့် ရိတ်သိမ်းပြီးသော တောင်ယာလှေကားထစ်စိုက်ပျိုးခင်းထဲတွင် ကျင်းပပြုလုပ်ခဲ့သော မင်္ဂလာပွဲ

လူတိုင်းက မင်္ဂလာဆောင်သည့်အခါ အကောင်းဆုံးနှင့် အလှပဆုံး ရှူခင်းနေရာများကို ရွေးချယ်တတ်ကြသလို နာမည်ကြီး ခန်းမဆောင်တွေမှာလည်း ထူးထူးခြားခြားလေး မင်္ဂလာပွဲ ပြုလုပ်တတ်ကြသည်။

ယခုအခါမှာတော့ ဗီယက်နမ်နိုင်ငံ Lao Caiပြည်နယ်တွင် ကျင်းပပြုလုပ်သော မင်္ဂလာပွဲလေးသည် အင်မတန်မှ ထူးခြားဆန်းကြယ်လှပြီး မင်္ဂလာပွဲသို့ တက်ရောက်သူများအဖို့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီး သာယာလှပသော ရှူခင်းအလှနှင့် လေကောင်းလေသန့်တို့ကိုလည်း ခံစားခွင့်ရစေခဲ့သည်။

ကျေးလက်ဒေသတွင် နေထိုင်သည့် ဇနီးမောင်နှံသည် အခြားသောသူများလို ခန်းမဆောင်တွေမှာ မဟုတ်ပဲ သူတို့မွေးရပ်ဇာတိရှိ တောင်ပေါ်စိုက်ခင်းတွင် ထိုင်စရာအခင်းအကျင်းများနှင့်အတူ ဧည့်ခံကျွေးမွေးခဲ့သည်။

ဇနီးမောင်နှံသည် သူတို့ရဲ့ မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်းလေး ပြုလုပ်ချင်၍ ကောင်းကင်နှင့် မြေကြီးကို သက်သေထားကာ သီးနှံလေးတွေ ရိတ်သိမ်းချိန်ကို အသုံးချပြီး တောင်ပေါ် လှေကားထစ်စိုက်ခင်းလေးထဲမှာ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲလေးကို ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူအားလုံးလည်း သဘောကျနေခဲ့ကြပြီး လူမှုကွန်ယက်ထိပါ ရေပန်းစားလာခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment