LOVE & RELATIONSHIP


Written by For Ialinks




ထို့ကြောင့် မိန်းကလေးသည် ချစ်သူကောင်လေးရဲ့ အသုဘဈာပနာအခမ်းအနားမှာ သတို့သမီးဝတ်စုံလေးကို ဝတ်ဆင်ပြီး ရိုးရာဓလေ့အတိုင်း လုပ်ဆောင်ကာ ကွယ်လွန်သွားသည့်ချစ်သူကို လူအများရှေ့တွင် လက်ထပ်ပစ်ခဲ့သည်။

Rain (For Ialinks)

Unicode

နှလုံးဖောက်ပြီး ကွယ်လွန်သွားသည့် ချစ်သူကောင်လေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလို၍ ရုပ်အလောင်းနဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့သော မိန်းကလေး

လောကကြီးရှိ လူသားအားလုံးသည် မည်မျှပဲ ချမ်းသာသူ ဆင်းရဲသူဖြစ်နေပါစေ အချိန်တန်သည့်အခါ ဆုံးပါးပျောက်ကွယ်သွားရမှာဖြစ်သော်လည်း ကျန်ရစ်ခဲ့သူများအတွက်တော့ ဖြေမဆည်နိုင်အောင် နာကျင်ခံစားကြရသည်။

ယခုအခါမှာလည်း ထိုင်းနိုင်ငံ Chachoengsaoပြည်နယ်တွင် နေထိုင်သော အသက်၂၆နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ချစ်သူသက်တမ်း ၂နှစ်အကြာတွဲလာခဲ့သော ကောင်လေးနှင့် လူကြီးမိဘ သဘောတူညီမှုရယူပြီး လက်ထပ်ရန် စီစဥ်ခဲ့ကြသည်။

ကံဆိုးစွာပဲ ချစ်သူကောင်လေးမှာ မင်္ဂလာပွဲစီစဥ်နေရင်း နှလုံးဖောက်ပြီး ဆုံးပါးသွားခဲ့ရာ ကျန်ရစ်ခဲ့သော မိန်းကလေးနှင့် မိသားစုတို့သည် အလွန်ဝမ်းနည်း ကြေကွဲခဲ့ရပြီး မိန်းကလေးမှာတော့ သူတို့ချစ်သူစုံတွဲနှစ်ဦးရဲ့ မပြည့်ဝလိုက်သည့် ဆန္ဒလေးကို အောင်မြင်စွာ လုပ်ဆောင်လိုခဲ့သည်။

ထို့ကြောင့် မိန်းကလေးသည် ချစ်သူကောင်လေးရဲ့ အသုဘစျာပနာအခမ်းအနားမှာ သတို့သမီးဝတ်စုံလေးကို ဝတ်ဆင်ပြီး ရိုးရာဓလေ့အတိုင်း လုပ်ဆောင်ကာ ကွယ်လွန်သွားသည့်ချစ်သူကို လူအများရှေ့တွင် လက်ထပ်ပစ်ခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment