International News

စာက်က္ပ်င္းေသာ သားျဖစ္သူအား ေမြးေန႔ကိတ္ေလးမွာ ေက်ာင္းစာအုပ္ပုံနဲ႔ မွာယူေပးခဲ့၍ ေမြးေန႔မွာ မေပ်ာ္႐ႊင္ရပဲ ငိုသြားသည့္ ေကာင္ေလး

Written by For Ialinks

ကေလးငယ္အမ်ားစုသည္ ကာတြန္းဇာတ္ေကာင္၊႐ုပ္ပုံႏွင့္ အျခားေသာ တိရစာၦန္ အ႐ုပ္ေလးေတြကို ေမြးေန႔လက္ေဆာင္အျဖစ္ ဝယ္ေပးသည့္အခါ သေဘာက်တတ္ၾကသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ Jiangsuျပည္နယ္တြင္ ေနထိုင္ေသာ မိခင္တစ္ဦးသည္ သားျဖစ္သူရဲ႕ ေမြးေန႔တြင္ ေက်ာင္းစာအုပ္ႏွင့္ေမြးေန႔ကိတ္အား မွာေပးခဲ့၍ သားျဖစ္သူမွ ဝမ္းနည္းမ်က္ရည္က်ခဲ့ရသည့္အျဖစ္အပ်က္ေလးသည္ လူမႈကြန္ယက္တြင္ ေရပန္းစားလ်က္ရွိသည္။

သားျဖစ္သူသည္ စာက်က္ပ်င္းၿပီး စာေမးပြဲေျဖခါနီးကိုပင္ ဂိမ္းပဲအာ႐ုံစိုက္ ကစားေနခဲ့ရာ စာက်က္ရန္အတြက္ သားေလးရဲ႕အသက္ ၁၁ႏွစ္ျပည္ေမြးေန႔တြင္ အႀကံတစ္ခုရခဲ့ၿပီး ေမြးေန႔ကိတ္တြင္ ကာတြန္း႐ုပ္ပုံအစား ေက်ာင္းစာအုပ္ကို ထည့္သြင္းျပဳလုပ္ေပးရန္ ကိတ္ဆိုင္အား ေတာင္းဆိုခဲ့သည္။

ေကာင္ေလးလည္း သူ႔ရဲ႕ေမြးေန႔အတြက္ မိခင္ျဖစ္သူမွ ကိတ္မွာထားေပးတာကို သိရွိ၍ ေပ်ာ္ေနခဲ့ရာ ကိတ္ေရာက္လာခ်ိန္မွာေတာ့ ေက်ာင္းစာအုပ္ပုံေတြကိုျမင္ၿပီး ငိုသြားခဲ့ရသည္။

Rain (For Ialinks)

Unicode

စာကျက်ပျင်းသော သားဖြစ်သူအား မွေးနေ့ကိတ်လေးမှာ ကျောင်းစာအုပ်ပုံနဲ့ မှာယူပေးခဲ့၍ မွေးနေ့မှာ မပျော်ရွှင်ရပဲ ငိုသွားသည့် ကောင်လေး

ကလေးငယ်အများစုသည် ကာတွန်းဇာတ်ကောင်၊ရုပ်ပုံနှင့် အခြားသော တိရစ္ဆာန် အရုပ်လေးတွေကို မွေးနေ့လက်ဆောင်အဖြစ် ဝယ်ပေးသည့်အခါ သဘောကျတတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Jiangsuပြည်နယ်တွင် နေထိုင်သော မိခင်တစ်ဦးသည် သားဖြစ်သူရဲ့ မွေးနေ့တွင် ကျောင်းစာအုပ်နှင့်မွေးနေ့ကိတ်အား မှာပေးခဲ့၍ သားဖြစ်သူမှ ဝမ်းနည်းမျက်ရည်ကျခဲ့ရသည့်အဖြစ်အပျက်လေးသည် လူမှုကွန်ယက်တွင် ရေပန်းစားလျက်ရှိသည်။

သားဖြစ်သူသည် စာကျက်ပျင်းပြီး စာမေးပွဲဖြေခါနီးကိုပင် ဂိမ်းပဲအာရုံစိုက် ကစားနေခဲ့ရာ စာကျက်ရန်အတွက် သားလေးရဲ့အသက် ၁၁နှစ်ပြည်မွေးနေ့တွင် အကြံတစ်ခုရခဲ့ပြီး မွေးနေ့ကိတ်တွင် ကာတွန်းရုပ်ပုံအစား ကျောင်းစာအုပ်ကို ထည့်သွင်းပြုလုပ်ပေးရန် ကိတ်ဆိုင်အား တောင်းဆိုခဲ့သည်။

ကောင်လေးလည်း သူ့ရဲ့မွေးနေ့အတွက် မိခင်ဖြစ်သူမှ ကိတ်မှာထားပေးတာကို သိရှိ၍ ပျော်နေခဲ့ရာ ကိတ်ရောက်လာချိန်မှာတော့ ကျောင်းစာအုပ်ပုံတွေကိုမြင်ပြီး ငိုသွားခဲ့ရသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment