Rain(For Ialinks)
Unicode
ချစ်သူမိန်းကလေးအား ရိုမက်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းရန် ပြင်ဆင်ခဲ့ရာ အခန်းမီးအားပိတ်ထား၍ မှောင်လွန်းတာကြောင့် အခြားမိန်းကလေးကို မှားပြီးလက်ထပ်ခွင့်တောင်းခဲ့သည့်အဖြစ်
ကောင်လေးအများစုသည် သူတို့တကယ်ချစ်ပြီး ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်လိုက်သောသူများကို ရိုမက်တစ်ဆန်ဆန် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ လက်ထပ်ခွင့်တောင်းတတ်ကြသည်။
ယခုတွင်လည်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Jiangsuပြည်နယ် Lianyungangမြို့ရှိ ကောင်လေးတစ်ဦးသည် တက္ကသိုလ်ကျောင်းကြီး ပိတ်တော့မည့်ချိန်တွင် ချစ်သူမိန်းကလေးနှင့် မခွဲနိုင်၍ တစ်ခါတည်း လက်ထပ်ခွင့်တောင်းရန် အတန်းဖော်တွေရဲ့ အကူအညီကို ရယူခဲ့သည်။
ကောင်လေးသည် အတန်းထဲမှာပဲ ချစ်သူမိန်းကလေးကို ရိုမက်တစ်ဆန်ဆန်နဲ့ လက်ထပ်ခွင့်တောင်းရန်အတွက် အခန်းမီးအား ပိတ်ထားခိုင်းရာ မှောင်မဲလွန်း၍ ရှေ့တွင်ရပ်နေသော မိန်းကလေးရဲ့မျက်နှာကိုလည်း မမြင်ရပဲနဲ့ ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းခဲ့သည်။
ထို့နောက် မီးဖွင့်လိုက်ချိန်တွင် သူလက်ထပ်ခွင့်တောင်းခဲ့သောသူမှာ ချစ်သူမိန်းကလေးမဟုတ်ပဲ လူမှားနေတာကြောင့် အတန်းဖော်များအားလုံး ရယ်မောကြကာ စူပုတ်ပုတ်နဲ့ ဘေးမှာရပ်နေသော ချစ်သူမိန်းကလေးကို မနည်းလိုက်ချော့ခဲ့လိုက်ရသည်။
Rain(For Ialinks)