အိမ္ေထာင္ျပဳသည့္အခါ ကိုယ့္ရဲ႕ခင္ပြန္း၊ ဇနီးနဲ႔ အသက္အ႐ြယ္မွာ သုံးေလးႏွစ္ကြာျခားတတ္ၾကတာ သဘာဝဆိုေပမယ့္ အသက္အရမ္းကြာျခားလြန္းသြားေသာအခါ အိမ္ကသေဘာမက်တာ၊ သေဘာမတူတာေတြ ျဖစ္လာတတ္သည္။
ယခုတြင္လည္း တ႐ုတ္ႏိုင္ငံ Chongqingျပည္နယ္တြင္ ေနထိုင္ေသာ အသက္၂၃ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ စက္ဘီးစီးၿပိဳင္ပြဲတစ္ခုတြင္ ဆုံေတြ႕ခဲ့ေသာ မိခင္အ႐ြယ္ အမ်ိဳးသမီးနဲ႔ ခ်စ္ႀကိဳက္ခဲ့သည္။
ေကာင္ေလးသည္ မိဘေတြေပးစားေသာ အသက္တူ႐ြယ္တူ မိန္းကေလးေတြနဲ႔ အိမ္ေထာင္ဖက္ေတြ႕ခဲ့ဖူးေသာ္လည္း တစ္ခါမွရင္ထဲမေရာက္ခဲ့ေပမယ့္ အသက္၄၆ႏွစ္အ႐ြယ္ စက္ဘီးစီးၿပိဳင္ဖက္ျဖစ္သည့္ အမ်ိဳးသမီးကို ေတြ႕လိုက္ခ်ိန္မွာေတာ့ တစ္ခါတည္း ခ်စ္မိသြားခဲ့သည္။
အမ်ိဳးသမီးသည္ အိမ္ေထာင္က်ခဲ့ဖူးၿပီး ကြာရွင္းျပတ္စဲၿပီးေနာက္ ရည္းစားအသစ္မထားပဲ တစ္ကိုယ္တည္းေနခဲ့ရာ သူမထက္အသက္ ႏွစ္ဆငယ္ေသာေကာင္ေလးကိုက် ေနာက္တစ္ႀကိမ္ အိမ္ေထာင္ဖက္အျဖစ္ေ႐ြးခ်ယ္ခဲ့သည္။
ေကာင္ေလးရဲ႕ မိဘေတြသည္ သတို႔သမီးေလးမွ အသက္အရမ္းႀကီးေနတာေၾကာင့္ ေခြၽးမအျဖစ္ လက္မခံႏိုင္ေၾကာင္း ဆိုခဲ့ၿပီး ထိုအမ်ိဳးသမီးနဲ႔ လက္ထပ္ပါကလည္း အိမ္ေပၚကေန ဆင္းသြားဟု ဆိုသည့္ၾကားကေန ေကာင္ေလးသည္ သူခ်စ္ေသာအမ်ိဳးသမီးကို ရေအာင္လက္ထပ္ခဲ့သည္။
Rain (For Ialinks)
Unicode
မိခင်နှင့်တစ်ရွယ်တည်းဖြစ်သော အမျိုးသမီးကို အိမ်ခေါ်လာပြခဲ့ရာ သဘောမတူခဲ့သော်လည်း ဇွတ်အတင်းလက်ထပ်ယူခဲ့သည့် ကောင်လေး
အိမ်ထောင်ပြုသည့်အခါ ကိုယ့်ရဲ့ခင်ပွန်း၊ ဇနီးနဲ့ အသက်အရွယ်မှာ သုံးလေးနှစ်ကွာခြားတတ်ကြတာ သဘာဝဆိုပေမယ့် အသက်အရမ်းကွာခြားလွန်းသွားသောအခါ အိမ်ကသဘောမကျတာ၊ သဘောမတူတာတွေ ဖြစ်လာတတ်သည်။
ယခုတွင်လည်း တရုတ်နိုင်ငံ Chongqingပြည်နယ်တွင် နေထိုင်သော အသက်၂၃နှစ်အရွယ် ကောင်လေးတစ်ဦးသည် စက်ဘီးစီးပြိုင်ပွဲတစ်ခုတွင် ဆုံတွေ့ခဲ့သော မိခင်အရွယ် အမျိုးသမီးနဲ့ ချစ်ကြိုက်ခဲ့သည်။
ကောင်လေးသည် မိဘတွေပေးစားသော အသက်တူရွယ်တူ မိန်းကလေးတွေနဲ့ အိမ်ထောင်ဖက်တွေ့ခဲ့ဖူးသော်လည်း တစ်ခါမှရင်ထဲမရောက်ခဲ့ပေမယ့် အသက်၄၆နှစ်အရွယ် စက်ဘီးစီးပြိုင်ဖက်ဖြစ်သည့် အမျိုးသမီးကို တွေ့လိုက်ချိန်မှာတော့ တစ်ခါတည်း ချစ်မိသွားခဲ့သည်။
အမျိုးသမီးသည် အိမ်ထောင်ကျခဲ့ဖူးပြီး ကွာရှင်းပြတ်စဲပြီးနောက် ရည်းစားအသစ်မထားပဲ တစ်ကိုယ်တည်းနေခဲ့ရာ သူမထက်အသက် နှစ်ဆငယ်သောကောင်လေးကိုကျ နောက်တစ်ကြိမ် အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့သည်။
ကောင်လေးရဲ့ မိဘတွေသည် သတို့သမီးလေးမှ အသက်အရမ်းကြီးနေတာကြောင့် ချွေးမအဖြစ် လက်မခံနိုင်ကြောင်း ဆိုခဲ့ပြီး ထိုအမျိုးသမီးနဲ့ လက်ထပ်ပါကလည်း အိမ်ပေါ်ကနေ ဆင်းသွားဟု ဆိုသည့်ကြားကနေ ကောင်လေးသည် သူချစ်သောအမျိုးသမီးကို ရအောင်လက်ထပ်ခဲ့သည်။
Rain (For Ialinks)