Lifestyle

ပညာတတ္ဘြဲ႕ရတစ္ေယာက္ျဖစ္ခ်ိန္တြင္ ေအာင္ျမင္မႈကို တူတူခံစားေပးမည့္ မိခင္ျဖစ္သူမွာ ဆုံးပါးသြားတာေၾကာင့္ မိခင္ရဲ႕ဓာတ္ပုံနဲ႔သာ အမွတ္တရပုံေလးေတြ ႐ိုက္ခဲ့ရေသာ ေကာင္ေလး

Written by For Ialinks

လူတိုင္းက အခက္အခဲမ်ားစြာကို ျဖတ္သန္းၾကရၿပီး ေအာင္ျမင္သည့္တစ္ေန႔တြင္လည္း ေပ်ာ္႐ႊင္မႈေတြ တူတူခံစားမွ်ေဝေပးမည့္ ကိုယ့္ရဲ႕မိသားစုကို အနားမွာရွိေစခ်င္တတ္ၾကတာ သဘာဝပင္ျဖစ္သည္။

ယခုတြင္လည္း ထိုင္းႏိုင္ငံမွ အသက္၂၀ေက်ာ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ ညီအစ္ကို ႏွစ္ေယာက္ရွိရာ အႀကီးျဖစ္သူမွ ပညာတတ္ဘြဲ႕ရခဲ့ၿပီး အလုပ္အကိုင္လည္း ရခဲ့ၿပီျဖစ္၍ အနာဂတ္အတြက္ စိတ္ခ်ရေအာင္ မိခင္ျဖစ္သူမွ ခင္ပြန္းဆုံးပါးသြားၿပီးေနာက္ပိုင္း အလုပ္ေတြပင္ပင္ပန္းပန္းလုပ္ၿပီးေတာ့ ေက်ာင္းထားေပးခဲ့သည္။

ေကာင္ေလးသည္ အိမ္မွာအငယ္ဆုံးျဖစ္ၿပီး ေက်ာင္းထားေပးေသာ္လည္း အတန္းလစ္တတ္၍ ဆိုးေပေတေနကာ မိခင္ျဖစ္သူမွ စိတ္တပူပူျဖစ္ခဲ့ရၿပီး သူမမရွိေတာ့သည့္ေနာက္ပိုင္း ညီေလးျဖစ္သူကို ျပဳစုေစာင့္ေရွာက္ရန္ အစ္ကိုအႀကီးတစ္ေယာက္ဆီမွာ မွာၾကားရင္း ကင္ဆာေရာဂါနဲ႔ ဆုံးပါးသြားခဲ့သည္။

ေကာင္ေလးသည္ မိခင္ျဖစ္သူမရွိေတာ့သည့္အခ်ိန္မွ အသိတရားရကာ စာကိုႀကိဳးစားသင္ယူၿပီး ဘြဲ႕ရခ်ိန္မွာေတာ့ မိခင္ႏွင့္အတူ ဓာတ္ပုံတြဲ႐ိုက္ခ်င္ေပမယ့္ စိတ္ကူးသက္သက္သာျဖစ္ခဲ့ၿပီး မိခင္ရဲ႕ ဓာတ္ပုံ ပိုစတာနဲ႔သာ အမွတ္တရ ဓာတ္ပုံေလးေတြ႐ိုက္ခဲ့ရၿပီးေနာက္ ဘြဲ႕လက္မွတ္ကိုလည္း မိခင္ျဖစ္သူရဲ႕ အ႐ိုးျပာအိုးနံေဘးမွာ ထားရွိခဲ့သည္။

Rain (For Ialinks)

Unicode

ပညာတတ်ဘွဲ့ရတစ်ယောက်ဖြစ်ချိန်တွင် အောင်မြင်မှုကို တူတူခံစားပေးမည့် မိခင်ဖြစ်သူမှာ ဆုံးပါးသွားတာကြောင့် မိခင်ရဲ့ဓာတ်ပုံနဲ့သာ အမှတ်တရပုံလေးတွေ ရိုက်ခဲ့ရသော ကောင်လေး

လူတိုင်းက အခက်အခဲများစွာကို ဖြတ်သန်းကြရပြီး အောင်မြင်သည့်တစ်နေ့တွင်လည်း ပျော်ရွှင်မှုတွေ တူတူခံစားမျှဝေပေးမည့် ကိုယ့်ရဲ့မိသားစုကို အနားမှာရှိစေချင်တတ်ကြတာ သဘာဝပင်ဖြစ်သည်။

ယခုတွင်လည်း ထိုင်းနိုင်ငံမှ အသက်၂၀ကျော်အရွယ် ကောင်လေးတစ်ဦးသည် ညီအစ်ကို နှစ်ယောက်ရှိရာ အကြီးဖြစ်သူမှ ပညာတတ်ဘွဲ့ရခဲ့ပြီး အလုပ်အကိုင်လည်း ရခဲ့ပြီဖြစ်၍ အနာဂတ်အတွက် စိတ်ချရအောင် မိခင်ဖြစ်သူမှ ခင်ပွန်းဆုံးပါးသွားပြီးနောက်ပိုင်း အလုပ်တွေပင်ပင်ပန်းပန်းလုပ်ပြီးတော့ ကျောင်းထားပေးခဲ့သည်။

ကောင်လေးသည် အိမ်မှာအငယ်ဆုံးဖြစ်ပြီး ကျောင်းထားပေးသော်လည်း အတန်းလစ်တတ်၍ ဆိုးပေတေနေကာ မိခင်ဖြစ်သူမှ စိတ်တပူပူဖြစ်ခဲ့ရပြီး သူမမရှိတော့သည့်နောက်ပိုင်း ညီလေးဖြစ်သူကို ပြုစုစောင့်ရှောက်ရန် အစ်ကိုအကြီးတစ်ယောက်ဆီမှာ မှာကြားရင်း ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့သည်။

ကောင်လေးသည် မိခင်ဖြစ်သူမရှိတော့သည့်အချိန်မှ အသိတရားရကာ စာကိုကြိုးစားသင်ယူပြီး ဘွဲ့ရချိန်မှာတော့ မိခင်နှင့်အတူ ဓာတ်ပုံတွဲရိုက်ချင်ပေမယ့် စိတ်ကူးသက်သက်သာဖြစ်ခဲ့ပြီး မိခင်ရဲ့ ဓာတ်ပုံ ပိုစတာနဲ့သာ အမှတ်တရ ဓာတ်ပုံလေးတွေရိုက်ခဲ့ရပြီးနောက် ဘွဲ့လက်မှတ်ကိုလည်း မိခင်ဖြစ်သူရဲ့ အရိုးပြာအိုးနံဘေးမှာ ထားရှိခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment