LOVE & RELATIONSHIP


Written by For Ialinks





Rain (For Ialinks)

Unicode

ခင်ပွန်းနှစ်ယောက်လုံးဆီကနေ တုန်နေအောင် အချစ်ခံရမှုတို့ကြောင့် စိတ်ချမ်းသာစရာနေ့ရက်တွေပဲ ပိုင်ဆိုင်ထားခဲ့သည့် အမျိုးသမီး

လူတိုင်းက ချစ်သူရည်းစား သို့မဟုတ် အိမ်ထောင်ကျသည့်အခါ တစ်ယောက်ပေါ် တစ်ယောက် သစ္စာရှိခြင်းကို လိုလားကြပြီး ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်နဲ့ အတူတွဲသွားတွဲလာလုပ်တာကို မြင်သည့်အခါမှာတော့ အသဲတွေကွဲကာ ခံစားကြရသည်။

သို့ပေမယ့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် ခင်ပွန်းအမျိုးသားနှစ်ယောက်နဲ့အတူ တစ်အိမ်တည်းမှာ ရန်မဖြစ်ပဲ တည့်တည့်ရှူရှူနဲ့ နှစ်အတော်ကြာ ပေါင်းဖက်နေထိုင်ခဲ့ခြင်းက အံ့အားသင့်စရာကောင်းနေသည်။

အမျိုးသမီးသည် လက်ထပ်ပေါင်းသင်းနေသော ခင်ပွန်းဖြစ်သူ ရှိလျက်နဲ့ နောက်ထပ်ကောင်လေးငယ်တစ်ဦးကို ချစ်ကြိုက်မိသွားချိန် ခင်ပွန်းဖြစ်သူသည် စိတ်ဆိုးခြင်းမရှိပဲ ဇနီးသည် ပျော်ရွှင်ရဖို့ကိုသာ ဦးစားပေးခဲ့သော်လည်း ထိုကောင်လေးက သူမမှာ အိမ်ထောင်ရှိမှန်းသိသွားပြီး အဆက်အသွယ် ဖြတ်သွားခဲ့သည်။

ထိုအချိန်တွင် အမျိုးသမီးသည် အသဲကွဲကာ အတော်လေးခံစားနေရတာကို မကြည့်ရက်သည့် ခင်ပွန်းဖြစ်သူမှ နောက်ထပ်ကောင်လေးတစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့ပြီး ထိုကောင်လေးကလည်း အိမ်ထောင်ရှိမှန်းသိလျက်နဲ့ လက်ခံခဲ့၍ တစ်အိမ်တည်းမှာ သုံးယောက်သား ပျော်ရွှင်စွာ နေထိုင်ကြရင်း သားလေးတစ်ယောက်မွေးဖွားပြီးနောက် သူတို့အိမ်ထောင်ရေးက ပိုပြီးသာယာဖွယ်ကောင်းလာခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment