1.
video
Rain (For Ialinks)
Unicode
ကားတိုက်မှုကြောင့် ဆုံးပါးသွားသည့် သားလေးရဲ့ နှလုံးခုန်သံကို ဝက်ဝံရုပ်လေးထဲမှာ ပြန်ကြားရသောအခါ မျက်ရည်များစွာကျနေသော ဖခင်
အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်တွင် နေထိုင်သော ဖခင်တစ်ဦးသည် အသက်၁၆နှစ်အရွယ် သားလေးအား ယာဉ်မတော်တဆဖြစ်ပွားမှုမှာ ဆုံးပါးသွား၍ အပြီးပိုင် လက်လွှတ်ရတော့မည့်ချိန်တွင် ဆေးရုံမှာ အခြားလိုအပ်သူများအတွက် သူ့သားရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးကို လှူဒါန်းပေးခဲ့သည်။
သားလေးဆုံးပါးပြီး တစ်လအကြာမှာတော့ ဖခင်ဖြစ်သူဆီ ပစ္စည်းတစ်ခုရောက်လာပြီး ဖွင့်ကြည့်ချိန်မှာတော့ သားဖြစ်သူရဲ့နှလုံးကို အစားထိုးကုသမှုခံယူခွင့်ရခဲ့သော ပိုင်ရှင်ဆီကနေ ကျေးဇူးတင်စကားနဲ့ သားလေးရဲ့ နှလုံးခုန်သံကို အသံသွင်းပေးထားသည့် ဝက်ဝံရုပ်လေးတစ်ရုပ်ကို လက်ဆောင်ရရှိခဲ့ခြင်းဖြစ်သည်။
ဖခင်ဖြစ်သူသည် ဝက်ဝံရုပ်လေးအား ကောက်ယူပြီး ခလုတ်လေးကိုနှိပ်ကြည့်ချိန်မှာတော့ တစ်ပါးသူဆီမှာ ပုံမှန်တိုင်းလှုပ်ရှားနေပြီဖြစ်တဲ့ သားလေးရဲ့နှလုံးခုန်သံကိုကြားရပြီး မျက်ရည်များစွာ ကျနေခဲ့သည်။
Rain (For Ialinks)