အမ်ိဳးသမီးအမ်ားစုမွာ အိမ္ေထာင္က်ၿပီး သားသမီးေတြရလာသည္ႏွင့္ အရင္လို လြတ္လြတ္လပ္လပ္ သြားလာခြင့္ေတြနည္းပါးသြားၿပီး အေပ်ာ္အပါးလည္း ေလ်ာ့သြားကာ စိတ္ဖိစီးမႈေတြ ျပည့္ႏွက္သည့္ၾကားထဲမွာသာ ႐ုန္းကန္ေနရေတာ့သည္။
သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ အသက္၅၈ႏွစ္အ႐ြယ္ မိခင္တစ္ဦးသည္ သားသမီးေလးေယာက္ရွိရာ အကုန္လုံးကို ပညာတတ္ဘြဲ႕ရသည္ထိ ပံ့ပိုးေပးခဲ့ရင္း အိမ္မွာ သန္႔ရွင္းေရးလုပ္၊ ခ်က္ျပဳတ္ရင္းနဲ႔ပဲ သူမဘဝတစ္ေလွ်ာက္လုံးကို အလုပ္ေတြနဲ႔ပဲ ကုန္လြန္ေစခဲ့သည္။
မိခင္ျဖစ္သူသည္ သားသမီးေတြကို ပံ့ပိုးေပးရင္းက အကုန္လုံးလည္း ေက်ာင္းၿပီးသြားၿပီး စိတ္ခ်ရမည့္အခ်ိန္တြင္ သူမအၿမဲစိတ္ကူးယဥ္အိပ္မက္မက္ခဲ့ေသာ ေတာင္တက္ခရီးကို ထြက္ဖို႔စီစဥ္ခဲ့ရာ ခင္ပြန္းႏွင့္ သားသမီးေတြက အသက္ႀကီးေနၿပီျဖစ္၍ ေတာင္တက္ရန္ အႏၲရာယ္မ်ားသည္ဆိုၿပီး တားျမစ္ခဲ့ၾကသည္။
သို႔ေပမယ့္ မိခင္ျဖစ္သူသည္ သူမဘဝရဲ႕ ေနာက္ဆုံး အိပ္မက္တစ္ခုကို အေကာင္အထည္ေဖာ္ရန္ စိတ္အားထက္သန္ေနတာေၾကာင့္ ခြင့္ျပဳလိုက္ရၿပီး ေတာင္တက္ခရီးစတင္ခဲ့ရာ ၃လအတြင္းကို ဗီယက္နမ္ႏိုင္ငံရွိ နာမည္ႀကီး ေတာင္ထိပ္ ၁၂ခုေပၚသို႔ တက္ေရာက္ႏိုင္ခဲ့ေၾကာင္း မွ်ေဝခဲ့သည္။
1.
2.
3.
Rain (For Ialinks)
Unicode
သားသမီးတွေကြောင့် သူ့ရဲ့ဘဝတစ်လျှောက်လုံးကို အိမ်ထဲမှာပဲ အချိန်ကုန်စေကာ ပေးဆပ်ခဲ့ပြီး လက်လွှတ်ထားလို့ရမည့်အချိန်တွင် ဆိုင်ကယ်စီးပြီးအပန်းဖြေ တောင်တက်ခရီးထွက်ခဲ့သော မိခင်
အမျိုးသမီးအများစုမှာ အိမ်ထောင်ကျပြီး သားသမီးတွေရလာသည်နှင့် အရင်လို လွတ်လွတ်လပ်လပ် သွားလာခွင့်တွေနည်းပါးသွားပြီး အပျော်အပါးလည်း လျော့သွားကာ စိတ်ဖိစီးမှုတွေ ပြည့်နှက်သည့်ကြားထဲမှာသာ ရုန်းကန်နေရတော့သည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၅၈နှစ်အရွယ် မိခင်တစ်ဦးသည် သားသမီးလေးယောက်ရှိရာ အကုန်လုံးကို ပညာတတ်ဘွဲ့ရသည်ထိ ပံ့ပိုးပေးခဲ့ရင်း အိမ်မှာ သန့်ရှင်းရေးလုပ်၊ ချက်ပြုတ်ရင်းနဲ့ပဲ သူမဘဝတစ်လျှောက်လုံးကို အလုပ်တွေနဲ့ပဲ ကုန်လွန်စေခဲ့သည်။
မိခင်ဖြစ်သူသည် သားသမီးတွေကို ပံ့ပိုးပေးရင်းက အကုန်လုံးလည်း ကျောင်းပြီးသွားပြီး စိတ်ချရမည့်အချိန်တွင် သူမအမြဲစိတ်ကူးယဥ်အိပ်မက်မက်ခဲ့သော တောင်တက်ခရီးကို ထွက်ဖို့စီစဥ်ခဲ့ရာ ခင်ပွန်းနှင့် သားသမီးတွေက အသက်ကြီးနေပြီဖြစ်၍ တောင်တက်ရန် အန္တရာယ်များသည်ဆိုပြီး တားမြစ်ခဲ့ကြသည်။
သို့ပေမယ့် မိခင်ဖြစ်သူသည် သူမဘဝရဲ့ နောက်ဆုံး အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ရန် စိတ်အားထက်သန်နေတာကြောင့် ခွင့်ပြုလိုက်ရပြီး တောင်တက်ခရီးစတင်ခဲ့ရာ ၃လအတွင်းကို ဗီယက်နမ်နိုင်ငံရှိ နာမည်ကြီး တောင်ထိပ် ၁၂ခုပေါ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း မျှဝေခဲ့သည်။
4.
5.
Rain (For Ialinks)