Rain (For Ialinks)
Unicode
ရှားပါးရောဂါကြောင့် သက်ကြီးရွယ်အိုတွေလို အသားအရည်မျိုးကို ပိုင်ဆိုင်ထားပြီး ဆွဲဆောာင်မှုရှိသော တမူထူးခြားသည့်အလှတို့ကြောင့် နာမည်ကြီး မော်ဒယ်ဖြစ်လာခဲ့သည့် အသက်၂၆နှစ်အရွယ် မိန်းကလေး
အမေရိကန်နိုင်ငံ Minnesotaတွင် နေထိုင်သော အသက်၂၆နှစ်အရွယ် မိန်းကလေးတစ်ဦးသည် နေမကောင်းဖြစ်ပြီး အချိန်မတန်သေးပဲ သက်ကြီးရွယ်အိုတစ်ဦးလို အသားအရည်တွေ တွန့်ကုန်သည့် ရောဂါဝေဒနာကို ခံစားရပြီးနောက် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထားကာ လူအများကြား ချပြရဲခဲ့တာကြောင့် နာမည်ကြီးရေပန်းစားလာခဲ့သည်။
မိန်းကလေးသည် သူမအသက်၂၂အရွယ်မှာပဲ အသားအရည် တစ်ရှူးတွေဟာ အားနည်းလာပြီး လူငယ်ပီပီ တင်းတင်းရင်းရင်းမရှိတော့ပဲ အရေးအကြောင်းများစွာ ဖြစ်ပေါ်လာကာ အဖွားအိုတစ်ဦးအဖြစ်သို့ ပြောင်းသွားခဲ့သည်။
မိန်းကလေးသည် သူမရဲ့အဖြစ်ကို ကြည့်ရင်း ဘဝပျက်သွားသလိုမျိုးခံစားရကာ အလွန်ဝမ်းနည်းကြေကွဲခဲ့ပြီးနောက် သူမရဲ့ဓာတ်ပုံကို လိုင်းပေါ်မျှဝေခဲ့ရာ ကံကောင်းစွာပဲ အများရဲ့အာရုံစိုက်အားပေးခြင်းများစွာကို ခံရပြီးနောက် သူမကိုယ်သူမ လက်ရှိဘဝကို လက်ခံနိုင်သူတစ်ယောက်ဖြစ်စေခဲ့ပြီး တမူထူးခြားသော အလှတရားတို့ကြောင့် နာမည်ကြီး မော်ဒယ်တစ်ယောက်ဖြစ်လာခဲ့သည်။
Rain (For Ialinks)