International News


Written by For Ialinks




Rain (For Ialinks)

Unicode

ယောကျာ်းလေးအဖြစ် မွေးဖွားလာသော်လည်း မျက်နှာအမူအရာလေးတွေက နူးညံ့သိမ်မွေ့လွန်းပြီး ရင်ခုန်သံမြန်စေမည့် မျက်ဝန်းလေးတွေကိုပါ ပိုင်ဆိုင်ထားသော ကောင်လေးတစ်ဦး

ဂျပန်နိုင်ငံမှ အသက်၁၆နှစ်အရွယ် အထက်တန်းကျောင်းသားလေးတစ်ဦးသည် Junon Superboy ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ရာ သူ့ရဲ့ချောမောသော ရုပ်ရည်အသွင်အပြင်နဲ့ အမူအရာလေးတို့မှာ ယောကျာ်းလေးတစ်ယောက်နဲ့ လုံးဝမတူပဲ ချစ်စရာကောင်းသော မိန်းကလေးငယ်တစ်ဦးလို့သာ ထင်မှတ်ကြကုန်သည်။

ကောင်လေးသည် ငယ်စဥ်ကတည်းက အရုပ်မလေးတွေနှင့် မိန်းကလေးတစ်ဦးလို ပြင်ဆင်မှုများကိုသာ စိတ်ဝင်စား လုပ်ဆောင်ခဲ့ပြီး သူ့ရဲ့အသားအရည်လေးတွေကလည်း မိန်းကလေးတွေထက်ကို ပိုပြီးတော့ နူးညံ့သိမ်မွေ့လွန်းနေခဲ့သည်။

ထိုကောင်လေးသည် ပြိုင်ပွဲတွင် ချန်ပီယံဆုကြီးမရရှိခဲ့ပေမယ့် သူ့ရဲ့မိန်းကလေးတစ်ဦးလို ချောမောလှပမှုတို့ကြောင့် လူအများရဲ့ အာရုံစိုက်ခြင်းကိုခံရကာ အချို့သော ကောင်လေးတွေက မိန်းကလေးမဟုတ်မှန်းသိသိရက်နဲ့ကို ချစ်သူဖြစ်ခွင့်ရချင်၍ ရည်းစားတွေလိုက်ပြောတာမျိုးလည်း ရှိခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment