Lifestyle

မိဘႏွစ္ပါးလုံး မရွိေတာ့ေပမယ့္ အိမ္အိုေလးထဲမွာ တစ္ေယာက္တည္း ခ်က္ျပဳတ္စားေသာက္ရင္း ေနထိုင္ခဲ့ေသာ ေကာင္ေလး

Written by For Ialinks

တ႐ုတ္ႏိုင္ငံ Guangxiျပည္နယ္ ေက်းလက္ေဒသရွိ အသက္၆ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ မိဘႏွစ္ပါးလုံး ဆုံးပါးသြားတာေၾကာင့္ တစ္ေယာက္တည္း အေဖာ္မဲ့ျဖစ္ေနေသာ္လည္း တာဝန္ယူေမြးစားမည့္သူမရွိပဲ ေဟာင္းႏြမ္းေနေသာ အိမ္ေလးထဲမွာ ေနထိုင္ခဲ့သည္။

ေကာင္ေလးသည္ ထမင္းဟင္းခ်က္၊ ထင္းရွာ၊ပန္းကန္ေဆး၊ အဝတ္ေလွ်ာ္ စသျဖင့္ အိမ္မႈကိစၥအားလုံးကို လုပ္ကိုင္တတ္ေနၿပီျဖစ္ၿပီး အစိုးရဆီကေန ေထာက္ပံ့ေၾကးေငြအျဖစ္ တစ္လကို ယြမ္၇၀ရရွိေပမယ့္ မလုံေလာက္တာေၾကာင့္ အိမ္ေနာက္ေဖးတြင္ ဟင္းခ်က္စရာအတြက္ သီးႏွံပင္ေလးေတြကိုပါ စိုက္ပ်ိဳးထားခဲ့သည္။

ေကာင္ေလးရဲ႕ ေဆြမ်ိဳးေတြက လာလည္ျခင္းမရွိေသာ္လည္း အသက္၈၄ႏွစ္အ႐ြယ္ အဖြားျဖစ္သူကေတာ့ တစ္ခါတစ္ရံ အေဖာ္ျပဳလာလည္ေပးေလ့ရွိၿပီး တျခားခ်ိန္ေတြမွာေတာ့ အိမ္မွာရွိတဲ့ ေခြးေလးတစ္ေကာင္နဲ႔ ၾကက္ဖေလးကို သူငယ္ခ်င္းလုပ္ကာ ကစားခဲ့ရသည္။

Rain (For Ialinks)

Unicode

မိဘနှစ်ပါးလုံး မရှိတော့ပေမယ့် အိမ်အိုလေးထဲမှာ တစ်ယောက်တည်း ချက်ပြုတ်စားသောက်ရင်း နေထိုင်ခဲ့သော ကောင်လေး

တရုတ်နိုင်ငံ Guangxiပြည်နယ် ကျေးလက်ဒေသရှိ အသက်၆နှစ်အရွယ် ကောင်လေးတစ်ဦးသည် မိဘနှစ်ပါးလုံး ဆုံးပါးသွားတာကြောင့် တစ်ယောက်တည်း အဖော်မဲ့ဖြစ်နေသော်လည်း တာဝန်ယူမွေးစားမည့်သူမရှိပဲ ဟောင်းနွမ်းနေသော အိမ်လေးထဲမှာ နေထိုင်ခဲ့သည်။

ကောင်လေးသည် ထမင်းဟင်းချက်၊ ထင်းရှာ၊ပန်းကန်ဆေး၊ အဝတ်လျှော် စသဖြင့် အိမ်မှုကိစ္စအားလုံးကို လုပ်ကိုင်တတ်နေပြီဖြစ်ပြီး အစိုးရဆီကနေ ထောက်ပံ့ကြေးငွေအဖြစ် တစ်လကို ယွမ်၇၀ရရှိပေမယ့် မလုံလောက်တာကြောင့် အိမ်နောက်ဖေးတွင် ဟင်းချက်စရာအတွက် သီးနှံပင်လေးတွေကိုပါ စိုက်ပျိုးထားခဲ့သည်။

ကောင်လေးရဲ့ ဆွေမျိုးတွေက လာလည်ခြင်းမရှိသော်လည်း အသက်၈၄နှစ်အရွယ် အဖွားဖြစ်သူကတော့ တစ်ခါတစ်ရံ အဖော်ပြုလာလည်ပေးလေ့ရှိပြီး တခြားချိန်တွေမှာတော့ အိမ်မှာရှိတဲ့ ခွေးလေးတစ်ကောင်နဲ့ ကြက်ဖလေးကို သူငယ်ချင်းလုပ်ကာ ကစားခဲ့ရသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment