International News


Written by For Ialinks





1.


2.


3.


4.


5.

Rain (For Ialinks)

Unicode

၂နှစ်သားအရွယ် သားငယ်လေးကို တက်တူးတွေထိုးထားပေးလို့ဆိုပြီး မိခင်ဆိုးအဖြစ် လူအများရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းများစွာကို ခံနေရသော မိခင်တစ်ဦး

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ဖက်ရှင်ဒီဇိုင်နာ အမျိုးသမီးတစ်ဦးသည် တက်တူးထိုးရခြင်းကို အထူးဝါသနာပါသူဖြစ်ပြီး ၂နှစ်သားအရွယ်သာရှိသေးသော သူမရဲ့သားငယ်လေးကိုပါ သူမစိတ်ကြိုက်ပုံစံ တက်တူးတွေထိုးထားပေးလို့ လူအများရဲ့ ကဲ့ရဲ့ခြင်းကို ခံနေရသည်။

အမျိုးသမီးသည် သူမရဲ့သားငယ်လေးကို မျက်နှာကလွဲပြီး တစ်ကိုယ်လုံးပေါ်တွင် တက်တူးများထိုးပေးထားသည်ဟု ထင်မြင်ကြပေမယ့် အမှန်တကယ်တမ်းက စတစ်ကာတက်တူးအတုတွေသာဖြစ်ပေမယ့် လူမှုကွန်ယက်မှာတော့ သူမအား မိခင်ဆိုးအဖြစ် သတ်မှတ်ကာ ပြောဆိုနေကြသည်။

အမျိုးသမီးအား လူအများက ကိုယ့်ရဲ့ သားလေးကို တက်တူးတွေနဲ့ လူဆိုးလူမိုက်တစ်ယောက်လို ပုံသွင်းပေးနေတယ်ဆိုပြီး အပြစ်ပြောနေကြပေမယ့် သူမရဲ့ဝါသနာအရ နေထိုင်ရခြင်းကြောင့် ပျော်ရွှင်နေရ၍ ပြောင်းလဲသွားမည်မဟုတ်ကြောင်း ဆိုခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment