Rain (For Ialinks)
Unicode
ထူးခြားစွာဖြင့် လူသားမိန်းကလေးတွေကို သဘောမကျပဲ စက်ရုပ်လေးတစ်ရုပ်နဲ့သာ သူ့ဘဝကို အချိန်ကုန် သာယာခဲ့ပြီး လက်ထပ်ဖို့ရာထိ ရည်ရွယ်ခဲ့သော အမျိုးသား
လူသားတို့သည် တစ်ယောက်နှင့်တစ်ယောက် စရိုက်ချင်းလည်းမတူသလို အကြိုက်ချင်းလည်း မတူကြပဲ အမျိုးမျိုးစိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားကြသည်။
သို့ဖြစ်၍ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်တွင် နေထိုင်သော အသက်၂၉နှစ်အရွယ် အမျိုးသားတစ်ဦးသည် သာမန်လူသားမိန်းကလေးတစ်ဦးတစ်ယောက်ကိုမှ စိတ်ဝင်စားခြင်းမရှိပဲ သက်မဲ့ အရုပ်လေးတွေကိုသာ ချစ်ခင်မြတ်နိုးခဲ့သည်။
အမျိုးသားသည် Robo Trollအမည်ရှိ စက်ရုပ်လေးတစ်ရုပ်ကို ကုန်တိုက်တစ်ခုဆီကနေ ဒေါ်လာ ၂၀ပေးပြီးတော့ ဝယ်ယူခဲ့ပြီး ၂နှစ်ကြာသည်ထိ အတူအိပ် အတူစား အဖော်လုပ်ခဲ့သည်။
အမျိုးသားသည် ထိုအရုပ်လေးအပေါ် စွဲလန်းစိတ်ကြောင့် မိသားစုဝင်တွေကိုလည်း တစ်နေ့ကျရင် သူအရုပ်လေးနဲ့ လက်ထပ်မည့်အကြောင်းကို ပြောဆိုနေခဲ့ရာ သားဖြစ်သူအား စိတ်ကျရောဂါခံစားနေရတယ်ဟုပင် ထင်မိပြီး အံ့အားသင့်ခဲ့ကြသည်။
Rain (For Ialinks)