Rain (For Ialinks)
Unicode
ညာလက်တစ်ဖက်ဆုံးရှုံးခဲ့ရပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေသော လေးစားဖွယ်ရာ လူငယ်တစ်ဦး
လောကကြီးတွင် လူသားတို့သည် တစ်ယောက်နဲ့တစ်ယောက် စိတ်ဓာတ်ချင်းမတူကြသလို ခံယူထားသော ရည်ရွယ်ချက် ပန်းတိုင်တွေကလည်း မတူညီကြ၍ ကိုယ်တိုင်က မသန်စွမ်းသူတစ်ယောက် ဖြစ်နေပေမယ့် ဘဝအတွက် ရိုးရိုးသားသား တိုက်ပွဲဝင်နေသူများမှာ လေးစားစရာကောင်းလှသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံ Hebeiပြည်နယ် Shijiazhuangမြို့တွင် နေထိုင်သော အသက်၂၄နှစ်အရွယ် လူငယ်ကောင်လေးတစ်ဦးသည် လွန်ခဲ့သော ၈နှစ်လောက်က အလုပ်လုပ်ရင်း သူ့ရဲ့ညာဖက်လက်ကို ဆုံးရှုံးလိုက်ရသည်။
ကောင်လေးသည် လက်တစ်ဖက်မရှိတော့သည့်အတွက် ကိုယ့်ဘဝကို တစ်ယောက်တည်း ရပ်တည်သွားဖို့ အချိန်အကြာကြီး ကြိုးစားခဲ့ရကာ မိသားစုစားဝတ်နေရေးအတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ အလုပ်ဝင်ခဲ့သည်။
အစပိုင်းတွင် ကောင်လေးအား အလုပ်ကြမ်းလုပ်နိုင်ဖို့ကို မယုံကြည်ရဲပဲဖြစ်နေပေမယ့် အလုပ်စဝင်တဲ့နေ့မှာပဲ သူ့ရဲ့လုပ်ကိုင်နိုင်စွမ်းကြောင့် အံ့အားသင့်သွားကာ လုပ်ဖော်ကိုင်ဖက်တွေကလည်း ချီးမွမ်းခဲ့ကြသည်။
Rain (For Ialinks)