LOVE & RELATIONSHIP


Written by For Ialinks






1.


2.


3.


4.


5.


6.

Rain (For Ialinks)

Unicode

အမွှာညီအစ်မနှစ်ယောက်လုံးဆီကနေ ဖူးဖူးမှုတ်အချစ်ခံနေရ၍ ပျော်ရွှင်စရာနေ့ရက်တွေပဲ ပိုင်ဆိုင်ထားသော အမျိုးသား

လူတိုင်းက ကိုယ်ချစ်တဲ့သူကို အခြားတစ်ယောက်နဲ့ ရင်းရင်းနှီးနှီးနေတာမျိုး ဖောက်ပြန်နေတာမျိုးတွေ သိရချိန်မှာ အနည်းနဲ့အများတော့ စိတ်ဆိုးဒေါသထွက်ကာ အချို့ကျတော့လည်း လမ်းခွဲပြတ်စဲသည်ထိ ဖြစ်ကြရသည်။

သို့ပေမယ့် သြစတေးလျနိုင်ငံမှ အသက်၃၂နှစ်အရွယ် အမျိုးသားတစ်ဦးသည် လိုင်းပေါ်ကနေ တွေ့ရှိခဲ့သော အမွှာညီအစ်မနှစ်ယောက်စလုံးကို ချစ်ကြိုက်မိရာ သူတို့ညီအစ်မကလည်း အမျိုးသားတစ်ယောက်တည်းရဲ့ အချစ်ကိုလက်ခံပြီးတော့ ညီတူမျှတူ တွဲခဲ့ကြသည်။

အမျိုးသားသည် တကယ်တမ်း ညီအစ်မနှစ်ယောက်စလုံးဆီကနေ တုန်နေအောင်အချစ်ခံရမှုတို့ကြောင့် တစ်ယောက်ထဲကိုပဲ ရွေးချယ်ပြီးလက်ထပ်လိုက်ပါက ဝမ်းနည်းနေမည်စိုး၍ ညီအစ်မနှစ်ယောက်လုံးလည်း သဘောတူသောအခါ တစ်ပြိုင်တည်းလက်ထပ်ယူခဲ့သည်။

အမျိုးသားသည် သူ့ဘဝတွင် မိန်းကလေးနှစ်ယောက်လုံးရဲ့ အချစ်ကိုခံနေရတာကြောင့် ဘယ်သူတွေဘာပြောပြော ဂရုမစိုက်ပဲ ပျော်ရွှင်စရာနေ့ရက်တွေကိုသာ ဖြတ်သန်းနေရ၍ သူ့ဘဝသူ အရမ်းကံကောင်းနေပြီဆိုပြီး အတော်လေးကျေနပ်နေခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment