LOVE & RELATIONSHIP


Written by For Ialinks





Rain (For Ialinks)

Unicode

ကောင်မလေးက သူ့ထက်အရပ်ပိုရှည်နေ၍ လှောင်ပြောင်ခြင်းခံနေရသော်လည်း ကလေးလေးလို အရိပ်တကြည့်ကြည့်နဲ့ အလိုလိုက်အချစ်ခံနေရတာကြောင့် ဘေးစကားတွေကိုပင် ဂရုမစိုက်နိုင်တော့ပဲဖြစ်နေသည့် ကောင်လေး

လူတစ်ယောက်ကို တကယ်ချစ်မိသွားတဲ့အခါ သူတို့ရဲ့အပြစ်အနာအဆာ မကောင်းမှုတို့ကို မမြင်နိုင်ကြတော့ပဲ ကိုယ့်ရဲ့မျက်လုံးထဲကတော့ ချစ်သူလေးကသာ အမြဲတမ်း အလှဆုံးဖြစ်နေသလို ခံစားကြရသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နေထိုင်သော အသက်၂၂နှစ်အရွယ် ကောင်လေးတစ်ဦးသည် သူ့ထက်အရပ်အမောင်း ပိုရှည်ပြီး ခန္ဓာကိုယ်ပိုထွားသည့် ကောင်မလေးနဲ့ ချစ်ကြိုက်နေရာ အပြင်ထွက် တွဲသွားတွဲလာလုပ်ချိန်တိုင်း မြင်တွေ့သူများက သူတို့နှစ်ဦးကို လှောင်ပြောင်ရယ်မောတာမျိုး ပြုလုပ်ခဲ့ကြသည်။

သူတို့စုံတွဲနှစ်ဦးသည် ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်ကြပြီး ကောင်မလေးကတော့ အားကစားလိုက်စားသူတစ်ယောက်ဖြစ်ကာ တစ်ချိန်တုန်းက အိမ်ထောင်ကျခဲ့ဖူးပြီးသားလည်းဖြစ်နေ၍ ကောင်လေးရဲ့ မိဘတွေက သဘောမတူပဲ သားလေးကို နှမြောနေခဲ့ကြသည်။

သို့ပေမယ့် ကောင်လေးသည် သူ့ထက်အရပ်ရှည်တာကလွဲရင် ကောင်မလေးက ကလေးလေးတစ်ယောက်လို သူ့ကိုအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ချစ်ပေးနေတာကြောင့် မိဘတွေစကား၊ ပတ်ဝန်းကျင်စကားတွေကို အဖက်မလုပ်ပဲ အရပ်ရှည်ရှည်ကောင်မလေးကိုသာ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment