International News

မဂၤလာေဆာင္တဲ့ေန႔နဲ႔ စာေမးပြဲေျဖဆိုရမယ့္ေန႔က တစ္ရက္တည္းက်ေနရာ သတို႔သားကိုခဏေစာင့္ထားခိုင္းၿပီး စာေမးပြဲဝင္ေျဖခဲ့ေသာ သတို႔သမီးေလး

Written by For Ialinks

မဂၤလာပြဲေန႔သည္ လူတိုင္းအတြက္ အေရးႀကီးသလို ပညာေရး စာေမးပြဲေျဖဆိုရာတြင္လည္း ေက်ာင္းသားတစ္ေယာက္ဘဝအတြက္ အေရးပါဆုံးေသာအခ်ိန္ပင္ျဖစ္ေပသည္။

သို႔ျဖစ္၍ အိႏၵိယႏိုင္ငံ ဂူဂ်ာရတ္ျပည္နယ္ရွိ မိန္းကေလးတစ္ဦးသည္ သတို႔သမီးဝတ္စုံနဲ႔အတူ စာေမးပြဲခန္းမွာ စာလာေျဖဆိုခဲ့ေသာ အျဖစ္အပ်က္ေလးေၾကာင့္ လူအမ်ားရဲ႕ စိတ္ဝင္စားျခင္းကို ခံရကာ နာမည္ႀကီးလာခဲ့သည္။

မိန္းကေလးသည္ ေကာလိပ္ရွိလူမႈလုပ္ငန္းေက်ာင္းသူေလးတစ္ဦးျဖစ္ၿပီး စာေမးပြဲေျဖရက္နဲ႔ သူမရဲ႕ မဂၤလာပြဲရက္က တစ္ေန႔တည္းျဖစ္ေနခဲ့ရာမွာ သတို႔သမီးဝတ္စုံကို ဝတ္ဆင္ထားၿပီး မိတ္ကပ္အျပင္အဆင္တို႔နဲ႔အတူ စာေမးပြဲခန္းဝင္ခဲ့ရသည္။

မိန္းကေလးသည္ သူမရဲ႕ခ်စ္သူနဲ႔ ႀကိဳတင္ၿပီးေတာ့ မဂၤလာပြဲရက္ကို စီစဥ္ထားခဲ့ေသာ္လည္း မေမွ်ာ္လင့္ပဲ ေက်ာင္းကစာေမးပြဲေျဖရမည့္ရက္ကို ေၾကျငာခ်ိန္ တစ္ေန႔တည္းျဖစ္ခဲ့၍ သတို႔သားနဲ႔ သူမရဲ႕မိသားစုကို မဂၤလာပြဲအခ်ိန္အား ခဏေ႐ႊ႕ဆိုင္းထားေပးဖို႔ ေတာင္းဆိုလိုက္ရၿပီး စာေမးပြဲေျဖေျဖၿပီးခ်င္း မဂၤလာပြဲဆီ အေျပးသြားေရာက္ခဲ့ရသည္။

Rain (For Ialinks)

Unicode

မင်္ဂလာဆောင်တဲ့နေ့နဲ့ စာမေးပွဲဖြေဆိုရမယ့်နေ့က တစ်ရက်တည်းကျနေရာ သတို့သားကိုခဏစောင့်ထားခိုင်းပြီး စာမေးပွဲဝင်ဖြေခဲ့သော သတို့သမီးလေး

မင်္ဂလာပွဲနေ့သည် လူတိုင်းအတွက် အရေးကြီးသလို ပညာရေး စာမေးပွဲဖြေဆိုရာတွင်လည်း ကျောင်းသားတစ်ယောက်ဘဝအတွက် အရေးပါဆုံးသောအချိန်ပင်ဖြစ်ပေသည်။

သို့ဖြစ်၍ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ မိန်းကလေးတစ်ဦးသည် သတို့သမီးဝတ်စုံနဲ့အတူ စာမေးပွဲခန်းမှာ စာလာဖြေဆိုခဲ့သော အဖြစ်အပျက်လေးကြောင့် လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံရကာ နာမည်ကြီးလာခဲ့သည်။

မိန်းကလေးသည် ကောလိပ်ရှိလူမှုလုပ်ငန်းကျောင်းသူလေးတစ်ဦးဖြစ်ပြီး စာမေးပွဲဖြေရက်နဲ့ သူမရဲ့ မင်္ဂလာပွဲရက်က တစ်နေ့တည်းဖြစ်နေခဲ့ရာမှာ သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားပြီး မိတ်ကပ်အပြင်အဆင်တို့နဲ့အတူ စာမေးပွဲခန်းဝင်ခဲ့ရသည်။

မိန်းကလေးသည် သူမရဲ့ချစ်သူနဲ့ ကြိုတင်ပြီးတော့ မင်္ဂလာပွဲရက်ကို စီစဥ်ထားခဲ့သော်လည်း မမျှော်လင့်ပဲ ကျောင်းကစာမေးပွဲဖြေရမည့်ရက်ကို ကြေငြာချိန် တစ်နေ့တည်းဖြစ်ခဲ့၍ သတို့သားနဲ့ သူမရဲ့မိသားစုကို မင်္ဂလာပွဲအချိန်အား ခဏရွှေ့ဆိုင်းထားပေးဖို့ တောင်းဆိုလိုက်ရပြီး စာမေးပွဲဖြေဖြေပြီးချင်း မင်္ဂလာပွဲဆီ အပြေးသွားရောက်ခဲ့ရသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment