Rain (For Ialinks)
Unicode
ဆင်းရဲနွမ်းပါးသောဘဝအခြေအနေကြောင့် လေးလံသောဘိလပ်မြေအိတ်များစွာကို ထမ်းနေရပြီး ပင်ပန်းလွန်း၍ ဝမ်းနည်းမျက်ရည်တွေပါ ကျနေခဲ့သော မိန်းကလေး
အမျိုးသားများက ခွန်အားဗလပိုကြီးမား၍ လေးလံသောအလုပ်နေရာများတွင် သူတို့ရဲ့အားအင်ကိုစိုက်ထုတ်အသုံးပြုကြပေမယ့် အချို့သောအားနွဲ့သည့်မိန်းကလေးများသည် စားဝတ်နေရေးအတွက်ကြောင့်နဲ့ အမျိုးသားများနဲ့တန်းတူ လုပ်ဆောင်ကြရတာမျိုးလည်းရှိသည်။
ယခုတွင်လည်း တရုတ်နိုင်ငံမှ အသက်၂၂နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဆင်းရဲနွမ်းပါးသော မိသားစုကနေ မွေးဖွားလာပြီး မောင်နှမကလည်းများ၍ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာချိန် လုပ်အားခပိုရသော ဘိလပ်မြေစက်ရုံမှာ အလုပ်ဝင်လုပ်ခဲ့သည်။
မိန်းကလေးသည် လေးလံသောဘိလပ်မြေအိတ်များစွာကို အမျိုးသားများနဲ့တန်းတူ ရင်ဘောင်တန်းပြီး ပခုံးနဲ့ထမ်းသယ်ပို့ရသည့်အလုပ်ကို လုပ်ကိုင်လျက်ရှိပြီး တစ်ခါတစ်လေ အရမ်းပင်ပန်းလွန်းသည့်ဒဏ်ကြောင့် မခံနိုင်တော့ပဲ မျက်ရည်ပင်ကျခဲ့ရသည်။
မိန်းကလေးသည် သူမပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးရှာထားရသမျှကို မိသားစုစားဝတ်နေရေးအတွက် ထောက်ပံ့ကာ ရပ်ရွာထဲရှိ သက်ကြီးရွယ်အိုများကိုလည်း တတ်နိုင်သလောက်လေး ပြန်လည်လှူဒါန်းလျက်ရှိသည့်အတွက် အလွန်စိတ်ထားမွန်မြတ်သော မိန်းကလေးအဖြစ် အများကချီးကျုးခဲ့ကြသည်။
Rain (For Ialinks)