International News

ေလထိုးတံကို အားသြန္ခြန္စိုက္ထိုးကာ ေရာဂါသည္ဖခင္ျဖစ္သူေနရအဆင္ေျပေအာင္ သက္သာေအာင္ ကူညီေပးေနေသာ အသက္၆ႏွစ္အ႐ြယ္ ကေလးမေလး

Written by For Ialinks

က်န္းမာျခင္းသည္ လာဘ္တစ္ပါးဟုဆိုၾကသလို ခ်မ္းသာသူပဲျဖစ္ျဖစ္ ဆင္းရဲသူပဲျဖစ္ျဖစ္ အဓိကက်န္မာေရးေကာင္းမြန္ေနမွသာ လိုရာပန္းတိုင္ကို သြားႏိုင္ၿပီး ခ်မ္းသာသူမ်ားအတြက္က ေရာဂါရွိတာသိတာနဲ႔ ေဆးကုသၿပီးေပ်ာက္ကင္းႏိုင္ေပမယ့္ ဆင္းရဲသူမ်ားက် ေဆးဖိုးဝါးခမတတ္ႏိုင္တာေၾကာင့္ အိမ္မွာပဲ သက္သာသည့္နည္းလမ္းနဲ႔ ကုသရင္းေနၾကရသည္။

ယခုတြင္လည္း ဖိလစ္ပိုင္ႏိုင္ငံမွ အသက္၆၀အ႐ြယ္ ဖခင္တစ္ဦးသည္ မၾကာခဏအသက္ရႉၾကပ္တတ္ၿပီး ေအာက္စီဂ်င္ရႉဖို႔လိုအပ္ေပမယ့္လည္း ေဆးဖိုးဝါးခမတတ္ႏိုင္တာေၾကာင့္ပဲ အိမ္မွာေနရင္းနဲ႔ ေလထိုးတံကေန ထုတ္လႊင့္လိုက္ေသာေလကိုသာ ရႉသြင္းခဲ့ရသည္။

ကံေကာင္းစြာပဲ အမ်ိဳးသားႀကီးသည္ ေရာဂါရခ်ိန္ကတည္းက အိမ္မွာပဲေနရၿပီး စားဝတ္ေနေရးအတြက္က ဇနီးျဖစ္သူမွ အျပင္အလုပ္ထြက္လုပ္ၿပီး ရွာေကြၽးကာ ၆ႏွစ္သာရွိေသးေသာ သမီးေလးက အလိုက္သိစြာ ေလထိုးတံကို လိုအပ္သည့္ခ်ိန္တိုင္းမွာ မၿငိဳမျငင္နဲ႔ထိုးေပးေလ့ရွိခဲ့သည္။

သမီးေလးေၾကာင့္ပဲ ဖခင္ျဖစ္သူရဲ႕ ေရာဂါမွာ ဆိုးဆိုး႐ြား႐ြားမျဖစ္ေတာ့ပဲ သက္သာလာသည့္အျပင္ သမီးေလးရဲ႕ ဖခင္အေပၚမွာ ေက်းဇူးသိတတ္မႈနဲ႔ ၾကင္နာမႈတို႔ေၾကာင့္ ျမင္ေတြ႕သူမ်ားက ခ်ီးက်ဴးကာ ေဆးဖိုးဝါးခေတြကူညီေပးခဲ့ၾကသည္။

Rain (For Ialinks)

Unicode

လေထိုးတံကို အားသွန်ခွန်စိုက်ထိုးကာ ရောဂါသည်ဖခင်ဖြစ်သူနေရအဆင်ပြေအောင် သက်သာအောင် ကူညီပေးနေသော အသက်၆နှစ်အရွယ် ကလေးမလေး

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟုဆိုကြသလို ချမ်းသာသူပဲဖြစ်ဖြစ် ဆင်းရဲသူပဲဖြစ်ဖြစ် အဓိကကျန်မာရေးကောင်းမွန်နေမှသာ လိုရာပန်းတိုင်ကို သွားနိုင်ပြီး ချမ်းသာသူများအတွက်က ရောဂါရှိတာသိတာနဲ့ ဆေးကုသပြီးပျောက်ကင်းနိုင်ပေမယ့် ဆင်းရဲသူများကျ ဆေးဖိုးဝါးခမတတ်နိုင်တာကြောင့် အိမ်မှာပဲ သက်သာသည့်နည်းလမ်းနဲ့ ကုသရင်းနေကြရသည်။

ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ အသက်၆၀အရွယ် ဖခင်တစ်ဦးသည် မကြာခဏအသက်ရှူကြပ်တတ်ပြီး အောက်စီဂျင်ရှူဖို့လိုအပ်ပေမယ့်လည်း ဆေးဖိုးဝါးခမတတ်နိုင်တာကြောင့်ပဲ အိမ်မှာနေရင်းနဲ့ လေထိုးတံကနေ ထုတ်လွှင့်လိုက်သောလေကိုသာ ရှူသွင်းခဲ့ရသည်။

ကံကောင်းစွာပဲ အမျိုးသားကြီးသည် ရောဂါရချိန်ကတည်းက အိမ်မှာပဲနေရပြီး စားဝတ်နေရေးအတွက်က ဇနီးဖြစ်သူမှ အပြင်အလုပ်ထွက်လုပ်ပြီး ရှာကျွေးကာ ၆နှစ်သာရှိသေးသော သမီးလေးက အလိုက်သိစွာ လေထိုးတံကို လိုအပ်သည့်ချိန်တိုင်းမှာ မငြိုမငြင်နဲ့ထိုးပေးလေ့ရှိခဲ့သည်။

သမီးလေးကြောင့်ပဲ ဖခင်ဖြစ်သူရဲ့ ရောဂါမှာ ဆိုးဆိုးရွားရွားမဖြစ်တော့ပဲ သက်သာလာသည့်အပြင် သမီးလေးရဲ့ ဖခင်အပေါ်မှာ ကျေးဇူးသိတတ်မှုနဲ့ ကြင်နာမှုတို့ကြောင့် မြင်တွေ့သူများက ချီးကျူးကာ ဆေးဖိုးဝါးခတွေကူညီပေးခဲ့ကြသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment