International News


Written by For Ialinks





Rain (For Ialinks)

Unicode

လူနာများဆေးကုသည့်အခါ ကြောက်ရွံ့ခြင်းမရှိလေအောင် သူနာပြုဆရာမအချောလေးတွေပဲ ခန့်အပ်ထားသည့် ဆေးခန်း

လူတိုင်းက ကျန်းမာရေးအမြဲကောင်းချင်သော်လည်း မရပဲရောဂါများဖြစ်ပါက ဆေးကုသမှုခံယူရမှာကို ကြောက်ရွံ့ပြီး အချိန်မှီမကုသကြပဲ ခံနိုင်ရည်ရှိသလောက်မကုသပဲနေကြတာကများသည်။

သို့ဖြစ်၍ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဆေးခန်းတစ်ခုတွင် လုပ်ကိုင်နေသော ဆရာဝန်တစ်ဦးသည် သူ့ရဲ့အတွေ့အကြုံသက်တမ်းအရ လူနာအများစုသည် သွားနှင့်ခံတွင်းပက်သက်၍ အနာများဖြစ်တတ်ကြသော်လည်း လာမပြရဲကြပဲ နာကျင်ခံစားရမည်ကို ကြောက်နေခဲ့ကြသည်။

ဆရာဝန်လည်း လူနာတွေဆေးအချိန်မှန်လာကုသချင်အောင် အကြံတစ်ခုစဥ်းစားခဲ့ပြီး သူနာပြုဆရာမအကူချောချောလေးတွေကို အိမ်ဖော်အဝတ်အစားလေးတွေဝတ်ဆင်ထားခိုင်းပြီး လူနာများဆေးကုသရန်မကြောက်အောင် ခေါ်ထားခဲ့သည်။

သူနာပြုအကူဆရာမလေးတွေသည် တကယ်ချောမောပြီး ချစ်စရာကောင်းနေခြင်းကြောင့် ဆိုင်ဖွင့်ဖွင့်ချင်းမှာပဲ လူနာကောင်လေးအများစုမှာ တန်းစီစောင့်နေတတ်၍ ထိုအကြံမှာအလုပ်ဖြစ်သွားတာကြောင့် ဆရာဝန်လည်း ဝမ်းသာနေမိသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment