LOVE & RELATIONSHIP

သတို႔သမီးျဖစ္သူကသာ ၿပဳံးေပ်ာ္႐ႊင္စြာနဲ႔ မဂၤလာပြဲကို က်င္းပေနေပမယ့္ သတို႔သားကေတာ့ တစ္ခ်ိန္လုံးေခါင္းကိုငုံ႔ထား၍ အမ်ားရဲ႕ေဝဖန္ျခင္းကိုခံေနရ

Written by For Ialinks

မဂၤလာပြဲေန႔ေလးသည္ ခ်စ္တဲ့သူတိုင္းအတြက္ အေပ်ာ္႐ႊင္ရဆုံးနဲ႔ တက္ႂကြေနရမည့္အခ်ိန္ေလးဆိုေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကိုယ္မခ်စ္မႏွစ္သက္တဲ့သူနဲ႔ မဂၤလာေဆာင္ရသည့္အခါ မ်က္ႏွာေပၚက အၿပဳံးေလးေတြဟာ ကင္းမဲ့ေနတတ္သည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ Anhuiျပည္နယ္တြင္ က်င္းပျပဳလုပ္ေသာ မဂၤလာပြဲေလးသည္ သတို႔သားျဖစ္သူမွ တစ္ခ်ိန္လုံး ေခါင္းကိုငုံ႔ထားၿပီး ဘယ္သူ႔မ်က္ႏွာမွမၾကည့္ပဲ ဧည့္သည္မ်ားကိုပင္ ဂ႐ုမစိုက္သည့္အေနအထားမ်ိဳးျဖစ္ေနတာေၾကာင့္ လူအမ်ားရဲ႕ ေျပာစရာျဖစ္လာခဲ့သည္။

သတို႔သားရဲ႕လုပ္ရပ္ေၾကာင့္ အမ်ားက လူႀကီးမိဘေတြအတင္းေပးစားလို႔ မဂၤလာေဆာင္လိုက္ရျခင္းေၾကာင့္ ထိုသို႔ျဖစ္ေနသည္ဟု ထင္ထားၾကေသာ္လည္း သူတို႔ဇနီးေမာင္ႏွံႏွစ္ဦးသည္ တကၠသိုလ္တက္ခ်ိန္က အတန္းေဖာ္ေတြျဖစ္ၾကၿပီး ဘြဲ႕ရခ်ိန္မွာလည္း ကုမၸဏီတစ္ခုတည္းမွာ လုပ္ေဖာ္ကိုင္ဖက္အျဖစ္ရွိခဲ့ၾကရင္းနဲ႔ ခ်စ္ႀကိဳက္ခဲ့ၾကသည္။

သူတို႔ႏွစ္ဦးသည္ ခ်စ္သူသက္တမ္း ၁ႏွစ္ခြဲအၾကာမွာေတာ့ ႏွစ္ဖက္မိဘသေဘာတူညီမႈကိုရယူၿပီး မဂၤလာပြဲေလးက်င္းပခဲ့ရာ သတို႔သားျဖစ္သူသည္ မနက္အေစာထရၿပီး အလုပ္ရႈပ္ေန၍ အစားမစားရေသးတာေၾကာင့္ ဗိုက္အရမ္းဆာလာၿပီး မခံႏိုင္ေတာ့၍ မၿပဳံးရယ္ႏိုင္ေတာ့ပဲ သည္းခံကာ ေခါင္းကိုေအာက္ငုံ႔ထားျခင္းျဖစ္ေၾကာင္း ဆိုခဲ့သည္။

Rain (For Ialinks)

Unicode

သတို့သမီးဖြစ်သူကသာ ပြုံးပျော်ရွှင်စွာနဲ့ မင်္ဂလာပွဲကို ကျင်းပနေပေမယ့် သတို့သားကတော့ တစ်ချိန်လုံးခေါင်းကိုငုံ့ထား၍ အများရဲ့ဝေဖန်ခြင်းကိုခံနေရ

မင်္ဂလာပွဲနေ့လေးသည် ချစ်တဲ့သူတိုင်းအတွက် အပျော်ရွှင်ရဆုံးနဲ့ တက်ကြွနေရမည့်အချိန်လေးဆိုပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်မချစ်မနှစ်သက်တဲ့သူနဲ့ မင်္ဂလာဆောင်ရသည့်အခါ မျက်နှာပေါ်က အပြုံးလေးတွေဟာ ကင်းမဲ့နေတတ်သည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Anhuiပြည်နယ်တွင် ကျင်းပပြုလုပ်သော မင်္ဂလာပွဲလေးသည် သတို့သားဖြစ်သူမှ တစ်ချိန်လုံး ခေါင်းကိုငုံ့ထားပြီး ဘယ်သူ့မျက်နှာမှမကြည့်ပဲ ဧည့်သည်များကိုပင် ဂရုမစိုက်သည့်အနေအထားမျိုးဖြစ်နေတာကြောင့် လူအများရဲ့ ပြောစရာဖြစ်လာခဲ့သည်။

သတို့သားရဲ့လုပ်ရပ်ကြောင့် အများက လူကြီးမိဘတွေအတင်းပေးစားလို့ မင်္ဂလာဆောင်လိုက်ရခြင်းကြောင့် ထိုသို့ဖြစ်နေသည်ဟု ထင်ထားကြသော်လည်း သူတို့ဇနီးမောင်နှံနှစ်ဦးသည် တက္ကသိုလ်တက်ချိန်က အတန်းဖော်တွေဖြစ်ကြပြီး ဘွဲ့ရချိန်မှာလည်း ကုမ္ပဏီတစ်ခုတည်းမှာ လုပ်ဖော်ကိုင်ဖက်အဖြစ်ရှိခဲ့ကြရင်းနဲ့ ချစ်ကြိုက်ခဲ့ကြသည်။

သူတို့နှစ်ဦးသည် ချစ်သူသက်တမ်း ၁နှစ်ခွဲအကြာမှာတော့ နှစ်ဖက်မိဘသဘောတူညီမှုကိုရယူပြီး မင်္ဂလာပွဲလေးကျင်းပခဲ့ရာ သတို့သားဖြစ်သူသည် မနက်အစောထရပြီး အလုပ်ရှုပ်နေ၍ အစားမစားရသေးတာကြောင့် ဗိုက်အရမ်းဆာလာပြီး မခံနိုင်တော့၍ မပြုံးရယ်နိုင်တော့ပဲ သည်းခံကာ ခေါင်းကိုအောက်ငုံ့ထားခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment