LOVE & RELATIONSHIP


Written by For Ialinks





Rain (For Ialinks)

Unicode

ကလေးလိုစိတ်ဖောက်ပြန်သွားသော ဇနီးဖြစ်သူကို စိတ်မကုန်ပဲ ပွေ့ချီကာ နို့ဘူးလေးတိုက်ရင်း ထမင်းပါစိတ်ရှည်ရှည်နဲ့ ခွံ့ကျွေးနေသော အမျိုးသား

အိမ်ထောင်ပြုခြင်းသည် အချို့သောသူများအတွက် လွယ်ကူပြီး တကယ်တမ်းလက်တွေ့ဘဝကတော့ အဆင်မပြေ အခက်အခဲလေးတွေရှိကာ သားသမီးတွေရှိလာပါက ဇနီးတစ်ယောက်အနေနဲ့ အိမ်မှုကိစ္စတွေ ပိုများပြီး ခင်ပွန်းသည်ကအလိုက်သိစွာ လုပ်ကိုင်ပါက အိမ်ထောင်ကျကံကောင်းသည်ဟု ဆိုရမည်။

ယခုတွင်လည်း အင်ဒိုနီးရှားနိုင်ငံမှ အသက်၅၀ကျော်အရွယ် ဇနီးသည်တစ်ဦးသည် ဖျားနာပြီးနောက် သူမရဲ့အကျင့်စရိုက်ဗီဇအားလုံးက ပုံမှန်မဟုတ်တော့ပဲ ကလေးလေးတစ်ယောက်လိုဖြစ်သွားကာ အခြားသူတစ်ဦးလို လုံးဝကြီးပြောင်းလဲသွားခဲ့သည်။

ဇနီးသည်မှာ ထိုသို့ဖြစ်သွားသော်လည်း ခင်ပွန်းဖြစ်သူသည် စိတ်မပျက်ပဲ သူ့ရဲ့ကိုယ်ပေါ်မှာ အမြဲပွေ့ချီထားကာ ကလေးလေးလို နို့ဘူးလေးတိုက်ကျွေးပြီး ထမင်းပါခွံ့ကျွေးပေးလျက်ရှိသည်။

ထိုအဖြစ်ကိုမြင်တွေ့သော အိမ်နီးနားချင်းတွေသည် ဇနီးသည်နှင့်သူ့ကို ကဲ့ရဲ့လှောင်ရယ်ခြင်းများရှိသော်လည်း ဇနီးဖြစ်သူကို ချစ်တဲ့စိတ်ကြောင့် ဘယ်လိုအခြေအနေမျိုးပဲ ရောက်နေပါစေ ကျွေးမွေးစောင့်ရှောက်သွားရန် ဆန္ဒရှိကြောင်း ဆိုခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment