LOVE & RELATIONSHIP


Written by For Ialinks





Rain (For Ialinks)

Unicode

သားသမီး၂ယောက်ရှိပြီးမှ ခင်ပွန်းဖြစ်သူက သူ့ကိုယ်သူအမျိုးသမီးတစ်ယောက်ဘဝအဖြစ်သို့ ပြောင်းလဲနေထိုင်ခဲ့ပေမယ့် လက်ခံပေးခဲ့သော ဇနီး

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နေထိုင်သော အသက်၄၃နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ကျောင်းတွင် တပည့်လေးတွေအား အင်္ဂလိပ်ဘာသာရပ်အားသင်ကြားပေးနေရသည့် ဆရာမတစ်ဦးဖြစ်ခဲ့သည်။

ဆရာမလေးသည် ကျောင်းပိတ်ရက်တွင် ရပ်ကွက်ထဲရှိ ကော်ဖီဆိုင်လေးတစ်ဆိုင်မှာထိုင်ရင်း အနားယူနေစဥ် နိုင်ငံခြားသားတစ်ဦးမှ ရောက်ရှိလာ၍ ဧည့်ဝတ်ကျေပွန်စွာနဲ့ မိတ်ဆက်စကားလေးတွေပြောရင်း ခင်မင်ရင်းနှီးခဲ့သည်။

သူတို့နှစ်ဦးသည် အချိန်တော်ကြာထိ အဆက်အသွယ်မပြတ်ခဲ့ကြရာ ၃နှစ်အကြာမှာတော့ ချစ်ကြိုက်ပြီး ဗီယက်နမ်နိုင်ငံမှာပဲ လက်ထပ်ပွဲလေးကျင်းပပြီး သားသမီး၂ယောက်ထိ အေးအေးချမ်းချမ်း နေထိုင်ခဲ့သည်။

သို့ပေမယ့် ခင်ပွန်းဖြစ်သူသည် သူ့ရဲ့ကျန်းမာရေးအတွက် သူ့နိုင်ငံသို့တောင်းပြန်ခဲ့ပြီး နောက်ဆုံးဇနီးဖြစ်သူဆီပြန်လာချိန်မှာတော့ အရင်လိုမဟုတ်တော့ပဲ မိတ်ကပ်တွေလိမ်းခြယ်ထားပြီး အမျိုးသမီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားတာကို တွေ့ရှိခဲ့ရပြီး အတော်လေးခံစားခဲ့ရပေမယ့် ခင်ပွန်းရဲ့ဖြစ်တည်မှုတိုင်းကို လက်ခံပေးခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment