LOVE & RELATIONSHIP


Written by For Ialinks





Rain (For Ialinks)

Unicode

အကြွေစေ့လေးတွေကို စုဘူးလေးနဲ့ ၂နှစ်အကြာ စုဆောင်းထားခဲ့ပြီး ဇနီးသည်ရဲ့မွေးနေ့မှာ ဆွဲကြိုးတစ်ကုံးဝယ်ကာ လက်ဆောင်ပေးခဲ့သော ခင်ပွန်း

ငွေရှာခြင်းက မလွယ်ကူပေမယ့် ငွေစုခြင်းသည်လည်း အသုံးအဖြုန်းကြီးသူများအတွက်တော့ လွယ်ကူသောအရာတစ်ခုမဟုတ်၍ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ရည်ရွယ်ချက်ထားပြီး ငွေစုနိုင်သောသူများသည် ချီးကျူးဖွယ်ကောင်းလှသည်။

သို့ဖြစ်၍ ထိုင်ဝမ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် လက်ဝတ်ရတနာဆိုင်တစ်ခုသို့သွားကာ သူအချိန်ကြာစွာ စုဆောင်းထားသည့် အကြွေစေ့လေးတွေကိုထုတ်ပြပြီး ဇနီးသည်အတွက် မွေးနေ့လက်ဆောင်ဝယ်ပေးခဲ့သည်။

အမျိုးသားသည် ချမ်းသာသူတစ်ယောက်မဟုတ်ပေမယ့် ဇနီးဖြစ်သူအတွက် မွေးနေ့လက်ဆောင်ကောင်းတစ်ခုပေးချင်၍ နှစ်နှစ်အကြာ စုဘူးလေးထဲမှာ အကြွေစေ့လေးတွေကို သိမ်းဆည်းထားခဲ့သည်။

အမျိုးသားရဲ့နွေးထွေးကြင်နာသောလုပ်ရပ်ကြောင့် လက်ဝတ်ရတနာဆိုင်ကလည်း အလုပ်ရှုပ်ခံပြီး အကြွေစေ့လေးတွေကို ရေတွက်ကူကာ ဇနီးဖြစ်သူအတွက် ရွှေဆွဲကြိုးလေးတစ်ကုံးအား ရောင်းပေးခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment