LOVE & RELATIONSHIP


Written by For Ialinks





Rain (For Ialinks)

Unicode

ကွယ်လွန်သွားသည့်ခင်ပွန်းနဲ့ သားဖြစ်သူကို လွမ်းသည့်စိတ်ကြောင့် အိမ်ထဲမှာပဲအုတ်ဂူဆောက်လုပ်ကာ စကားလေးတွေပြောရင်းအဖော်ပြုနေသော အမျိုးသမီး

လောကကြီးတွင် မိသားစုဝင်ဖြစ်ဖြစ်၊သူငယ်ချင်းဖြစ်ဖြစ်၊ချစ်သူရည်းစားဖြစ်ဖြစ် သေခြင်းတရားနဲ့ရင်ဆိုင်ရသည့်အခါ ကျန်ရစ်ခဲ့သူများမှာ မေ့ပစ်လိုက်ဖို့ ခဲယဥ်းပြီး အမြဲတမ်းတလွမ်းဆွတ်ကာ အထီးကျန်ဝမ်းနည်းကြရသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၆၃အရွယ် အမျိုးသမီးတစ်ဦးသည် သူမရဲ့အိမ်ထဲတွင် ခင်ပွန်းနဲ့ သားဖြစ်သူရဲ့အုတ်ဂူကို ဆောက်လုပ်ထားကာ ကြောက်လန့်ခြင်းမရှိပဲ အတူအိပ်စက်နေထိုင်လျက်ရှိသည်။

အမျိုးသမီးတွင် သားလေးတစ်ယောက်ရှိပေမယ့် အဖျား၀င်ကာ အချိန်မှီဆေးကုသခွင့်မရခဲ့တာကြောင့် ဆုံးပါးသွားပြီး မကြာမီ ခင်ပွန်းဖြစ်သူကပါ ရောဂါနဲ့ဆုံးပါးသွားပြန်သည်။

အမျိုးသမီးသည် အိမ်မှာတစ်ယောက်တည်းအထီးကျန်နေရမည့်ဝေဒနာကို မခံစားနိုင်တာကြောင့် အိမ်ထဲမှာပဲ အုတ်ဂူလေးတွေဆောက်လုပ်ကာ နေ့စဥ်နေ့တိုင်း စကားပြောကာ အဖော်ပြုခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment